အမေရိကန်ဘဏ် အင်တာနက်စာမျက်နှာတွေ အကြီးအကျယ် တိုက်ခိုက်ခံနေရ

Friday, September 28, 20120 မှတ်ချက်များ


အမေရိကန်ဘဏ်ကြီးများ ဖြစ်ကြတဲ့ Bank of
America ၊ JPMorgan Chase ၊ Wells Fargo ၊
 US Bank နဲ့ PNC Bank တွေရဲ့ အင်တာနက်
စာမျက်နှာများဟာ စက်တင်ဘာ ၁၉ ရက်နေ့မှ
 စတင်ကာ အကြီးအကျယ် တိုက်ခိုက်

ခံနေရပါတယ်။

ထို တိုက်ခိုက်မှုများရဲ့ ပထမဆုံးပစ်မှတ်ဟာ Bank of America ဖြစ်ပြီး စက်တင်ဘာ
 ၂၇ ရက်နေ့တွင် တိုက်ခိုက်ခံရတဲ့ ဘဏ်ကတော့ PNC Bank ပဲ ဖြစ်ပါတယ်။

အစ္စလာမ်ဘာသာဝင်တို့ရဲ့ ခေါင်းဆောင် တမာန်တော် မိုဟာမက်ကို ပြက်ရယ်ပြုထားတဲ့
 "The Innocence of Muslims " ယူကျူ့ရုပ်ရှင်ကို ပြန်လည် တိုက်ခိုက်တဲ့အနေနဲ့
  ငွေကြေးလုပ်ငန်းတွေကို တိုက်ခိုက်မှာ ဖြစ်ကြောင်း Izz ad-Din al-Qassam
လို့ ကိုယ့်ဖာသာကိုယ် အမည်ပေးထားတဲ့ ဟက်ကာ (အင်တာနက်စာမျက်နှာများကို
တိုက်ခိုက်သူ) အဖွဲ့တခုက သတိပေးခဲ့ပြီးနောက် အခု တိုက်ခိုက်မှုများ ဖြစ်ပွား
ခဲ့ခြင်း ဖြစ်ပါတယ်။

 အေဘီစီသတင်းဌာနရဲ့ သတင်းအကြံပေးဖြစ်ပြီး ယခင် အင်တာနက်လုံခြုံရေး ဂုရုဖြစ်တဲ့
 Dick Clarke က “အခု တိုက်ခိုက်မှုများဟာ ယခင် ကြုံတွေ့ဘူးတာထက် နှစ်ဆလောက်
ပို ကြီးမားတယ်။
“ လို့ ပြောလိုက်သလို “ဒါဟာ ပထမဆုံးအကြိမ်အဖြစ် အရှေ့အလယ်ပိုင်းဒေသ
 (အရှေ့အလယ်ပိုင်း အစိုးရတခုက ဆိုပါစို့) က အမေရိကန်ပြည်ထောင်စုရဲ့ အင်တာနက်
စာမျက်နှာနဲ့ အဓိကကျတဲ့ အဆောက်အအုံတခုကို တိုက်ခိုက်တာ ဖြစ်တယ်။

“ လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ အမေရိကန် အထက်လွှတ်တော် ကွန်နက်
တစ်ကက်ပြည်နယ် တသီးပုဂ္ဂလအမတ် ဂျိုး လီဘာမဲန် (Joe Lieberman) ကတော့ “
ဟက်ကာတွေအနေနဲ့ ဒီ အင်တာနက်စာမျက်နှာတွေ ဖျက်ဆီးဖို့အတွက် လုံလောက်တဲ့
ကျွမ်းကျင်မှု ရှိမှာ မဟုတ်ဘူး။

 ကျွန်တော်ကတော့ အီရန်တွေ လုပ်တယ်လို့ ထင်တယ်။ အမေရိကန်အနေနဲ့ ပြင်းထန်တဲ့
စီးပွားရေး ပိတ်ဆို့မှုတွေ တိုးမြှင့် လုပ်ကိုင်ပြီး တုန့်ပြန်ရမယ်လို့ ယုံကြည်တယ်။

“ လို့ ပြောပြီး ဥရောပ မဟာမိတ်နိုင်ငံတွေကိုလည်း အီရန်ရဲ့ ငွေကြေး အဆောက်အဦကို ထိမ်းချုပ်ဖို့ ပြောကြားလိုက်ပါတယ်။ အမေရိကန်အစိုးရ နိုင်ငံတော် လုံခြုံရေးဌာနရဲ့ အင်တာနက်လုံခြုံရေးအဖွဲ့ ရုံးကတော့ ထို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဝေဖန်ချက်
 ပေးဖို့ ငြင်းဆိုတယ်လို့ စီအဲန်အဲန်သတင်းမှာ ဖော်ပြထားပါတယ်။

အခု တိုက်ခိုက်မှုကို denial of service နည်းနဲ့ ပြုလုပ်တာ ဖြစ်ကြောင်း၊ ယူကျူ့ဗီဒီယိုကြောင့်
လက်စားချေ တိုက်ခိုက်တာဖြစ်တယ်ဆိုတဲ့ Izz ad-Din al-Qassam ရဲ့ ကြေငြာချက်ဟာ အကြောင်းပြချက်တခုသာ ဖြစ်ကြောင်း၊ တိုက်ခိုက်မှုဟာ ဟက်ကာတွေ သုံးတဲ့နည်းထက် အဆင့်မြင့်ကြောင်း၊ တိုက်ခိုက်တဲ့ နည်းဟာရှုပ်ရှုပ်ထွေးထွေးမဟုတ်ပေမယ့်
 သေသေချာချာ ပြင်ဆင်ထားကြောင်း၊

 နောက်ထပ် တိုက်ခိုက်မှုများလည်း ရှိနိုင်ကြောင်း လေ့လာသူများက
သုံးသပ်ကြပါတယ်။

ကိုးကား
စီအဲန်အဲန်၊ အေဘီစီ၊ ဘလွန်းဘတ်

BURMA TODAY 
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger