3-10-2012 ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့၊ WorkShop on ITEE, ITSS and ITPEC အခမ်းအနားကျင်းပ

Thursday, October 4, 20120 မှတ်ချက်များ

3-10-2012 ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့တွင် ဧရာဝတီတိုင်းကွန်ပျူတာပညာရှင်များအသင်းနှင့် ဧရာဝတီတိုင်းကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့မှ ကြီးမှူးကျင်းပသည့် WorkShop on ITEE, ITSS and ITPEC အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဝန်ကြီးချုပ် နှင့် တကွသက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပုသိမ်ပညာရေးကောလိပ်မှဆရာ/ဆရာမများ ကျောင်းသားကျောင်းသူများ၊ ပုသိမ်နည်းပညာကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ပုသိမ်ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ ၊ ကျောင်းသားကျောင်းသူများ၊ ပုသိမ်တက္ကသိုလ်မှ ပါမောက္ခ ဆရာ/ဆရမများနှင့်တကွ ကျောင်းသားကျောင်းသူများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကွန်ပျူတာနည်းပညာအား စိတ်ပါဝင်စားသူ တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ပြီးသူကျောင်းသားကျောင်းသူများ၊ ဘွဲ့ရများ ကွန်ပျူတာပညာရှင်များ အစရှိသဖြင့် ပရိတ်သတ် 400 ကျော်တို့တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဝန်ကြီးချုပ်မှအဖွင့်အမှာစကားပြောကြားဖွင့်လှစ်ပေးပြီး၊ ဧရာဝတီတိုင်းကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဌ မှအိုင်တီနည်းပညာနှင့် ပါတ်သတ်ပြီး workshop on ITEE, ITSS and ITPEC အကြောင်းနှင့်ပါတ်သတ်ပြီး ဆွေးနွေးဟောပြောခြင်း၊ ကွန်ပျူတာတက္ကသိုလ်ကျောင်းအုပ်ကြီးမှ ဆွေးနွေးဟောပြောခြင်း၊ နည်းပညာတက္ကသိုလ်မှ ကျောင်းအုပ်ဆရာကြီးမှ ဆွေးနွေးဟောပြောခြင်းနှင့် ဧရာဝတီတိုင်း ကွန်ပျူတာပညာရှင်အသင်းမှ ITPEC ဖြေဆိုအောင်မြင်ပြီးသူကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်းတို့ဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။


Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger