နာမည်ပျက်စေရန် ရည်ရွယ်၍ တရားစွဲသူကို ယင်းပုဒ်မအတိုင်း ဖိုးသောကြာက တရားပြန်စွဲ

Friday, September 28, 20120 မှတ်ချက်များ


အ.ထ.က(၆)ဗိုလ်တထောင်မှအလယ်တန်း
ပြဆရာမ ဒေါ်အေးအေးညွန့်က ဆဲဆို၊
မတရား ခြိမ်းခြောက် မှုဖြင့် သင်္ဃန်းကျွန်း
ရဲစခန်း၌ မိမိကို တရားစွဲဆိုထား


မှုနှင့် ပတ်သက် ၍ သရုပ်ဆောင် ဖိုးသောကြာ က မြန်မာအင်ဒီပဲန်ဒင့် သို့ ရှင်းလင်း
 ပြောကြားခဲ့သည်။

ယင်းသို့ တိုင်ကြားထားမှု အပေါ်တွင် မိမိကို နာမည် ပျက်စေချင်သော ရည်ရွယ်
ချက်ဖြင့် အင်တာနက် သတင်းများ မှတစ်ဆင့် အနုပညာ လောက၌ ရပ်တည်ခွင့်
 မရအောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊
 
 ဖြစ်စဉ် အရ မိမိအိမ်ခြံ ဝင်း နောက်ဘက် တံခါးပေါက်၌ သစ်ပင်ဖြတ်စများ 
ပိတ်ဆို့နေသဖြင့် ကားအဝင်အထွက် ပြု လုပ်၍ မရသောကြောင့် ရပ်ကွက် ဥက္ကဋ္ဌမှတစ်ဆင့် ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း တစ်ဖက်မှ ဒေါ်တင်
တင်အေး နှင့် မခင်ဆွေလှိုင်တို့က ကြိမ်းမောင်း ပြောဆိုမှုများဖြင့် ခြိမ်းခြောက်
ခဲ့ကြောင်း သရုပ်ဆောင် ဖိုးသောကြာက ရှင်းပြခဲ့သည်။


ဖိုးသောကြာဆက်လက်၍ သရုပ်ဆောင် ဖိုးသောကြာက “တကယ်တော့ ကျွန်တော်
ဖြစ်နေလို့ နာမည်ဖျက် ချင်တာပါ။ နဂိုကတည်း ကလည်း ကြိုတင်ကြံစည် ထားတာပါ။
ကျွန်တော့် အမေကလည်း သင်္ဃန်းကျွန်း ရဲစခန်းမှာပဲ သူတို့ဖွင့်ခဲ့တဲ့ ပုဒ်မ အတိုင်း 
 ဒေါ်တင်တင်အေးနဲ့ မခင်ဆွေလှိုင်တို့ နှစ်ယောက်ကို အမှုပြန်ဖွင့်ထားပါတယ်”
ဟု ပြောကြားခဲ့သည်။

တရားလို ဒေါ်အေးအေးညွှန့် ဘက်မှ တရားစွဲဆိုထားသည့် ဖြစ်စဉ်အရ 
၁၈.၉.၂ဝ၁၂ နေ့၊ ည ၈ နာရီတွင် တိုက်(၂)၊ အခန်း(၂)၊ သာဓုအိမ်ရာ၊ ဇ/တောင်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူ ဒေါ်အေးအေးညွန့်သည် ကျောင်းသို့ သွားနေစဉ် ယင်း၏ နေအိမ်တိုက်ခန်း နောက်ကပ်လျက် နေထိုင်သော သရုပ်ဆောင် 
ဖိုးသောကြာ သည် သူမ၏ နေအိမ် ရှေ့ သို့ ရောက်ရှိလာပြီး အိမ်ရှေ့ရှိ သစ်ပင်အောက်၌ 
သစ်ကိုင်းများ ချထားသည်ကို မကျေနပ်၍ ဆဲဆိုခဲ့ခြင်း၊ ခြိမ်းခြောက်ခဲ့ခြင်း တို့ကြောင့်
 သင်္ဃန်းကျွန်းရဲစန်း၌ အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်အရ သင်္ဃန်းကျွန်း ရဲစခန်းတွင် (ပ)၆၁၆/၁၂/ ပုဒ်မ-၂၉၄/၃၄၁/၅ဝ၆/၁၁၄
 ဖြင့် နှစ်ဖက်စလုံးမှ အပြန်အလှန် တရားစွဲဆို ထားကြောင်း သိရသည်။
 
 
Popular News
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger