မြန်မာပြည်က အလုပ်သမားထုအတွက် အဆိုတော်သားစိုးရဲ့ ရာသက်ပန် အခမဲ့ ၀န်ဆောင်မှု

Thursday, June 28, 20120 မှတ်ချက်များ


နိုင်ငံကျော် အဆိုတော် သားစိုး စီစဉ်တဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေ အတွက် အလုပ်အကိုင်ရှာဖွေတာနဲ့ပတ်သက်လို့ ရာသက်ပန် အခမဲ့ဝန်ဆောင်မှု အင်တာနက်ဝက်ဘက်ဆိုဒ် မိတ်ဆက်ပွဲအခမ်းအနားကို 2012 ခုနှစ် ဇွန်လ 25 ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ 25-June-2012 တွင်အလုပ်အေဂျင်စီတွေကနေ အလုပ်အကိုင်ရှာဖွေရေးနဲ့ ပတ်သက်လို့ အခကြေးငွေမတရားယူနေတာတွေကြောင့် အလုပ်သမားတွေ နစ်နာ ဆုံးရှုံးမှုတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အင်တာနက် ၀က်ဘ်ဆိုဒ် ၀န်ဆောင်မှုကို ဆောင်ရွက်ပေးတာဖြစ်တယ်လို့ အဆိုတော် သားစိုးက RFA ကိုပြောပါတယ်။
"အလုပ်သမားတွေအတွက် အခမဲ့ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကို ဖွင့်လိုက်တာပါ။ ၀က်ဘ်ဆိုဒ်ကို ပေါ့နော်။ အလုပ်သမားတွေကို ရာသက်ပန် အခမဲ့ လုပ်ပေးပါတယ်။ ပြီးတော့ အလုပ်ရှင်တွေကို တနှစ် free ပေးထားပါတယ်။ ဒီ မြန်မာနိုင်ငံမှာက အလုပ်သမားတွေက အလုပ်အေဂျင်စီတွေကို သွားရင် ၀န်ဆောင်ခကို တောင်းတယ်။ ဒါ့အပြင် ပထမဆုံးရတဲ့ လစာရဲ့ တ၀က်အထိကို လိုက်တောင်းတယ်။ တချို့ဆိုရင် တစ်လစာ ကို ယူတယ်။ အဲဒီလို မတရားမှုတွေ ဖြစ်နေတဲ့အတွကကြောင်း ကျနော်က free ၀က်ဘ်ဆဒ်နဲ့ တင်ပေးလိုက်တာပါ။ အဲဒီကတော့ ဒီအလုပ်သမားထုပေါ့နော်။ အေးအေးဆေးဆေး ကိုယ်ကြိုက်တဲ့အလုပ်ကို
ရွေးလို့ ရမယ်။ အလုပ်ရှင်တွေအကြောင်းကိုလည်း အလုပ်ရှင်က အလုပ်သမားတွေကို ခေါ်တဲ့အခါမှာ သူတို့ background သူတို့ ပေးနိုင်မယ့်လစာ၊ အလုပ်ချိန်စသဖြင့် တရားဝင် ပွင့်ပွင့်လင်းလင်း
ရေးပြီး ခေါ်လို့ ရအောင် ကျနော်လုပ်သွားမှာပါ။ ဒီကိစ္စကိုလည်း အလုပ်သမား ၀န်ကြီးဌာနကို တရားဝင် မှတ်ပုံတင်ပြီး လုပ်ပေးမှာပါ။"
www.myanmarbestjob.com အမည်နဲ့ အင်တာနက်ဝက်ဘ်ဆိုဒ် ဖွင့်လှစ်ထားပြီး ဖေဖေါ်ဝါရီလကတည်းက စတင်ဆောင်ရွက်နေပေမယ့် အခုမှ တရားဝင်ဖြစ်အောင် ကြေညာလိုက်တာလို့ ကိုသားစိုးက ဆိုပါတယ်။
ဒါ့အပြင် နာမည်ကျော် အနုပညာရှင်အများစု ပါဝင်တဲ့ မြန်မာချစ်သူအဖွဲ့ ကနေ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် မနေ့ကစတင်ပြီး အလှုငွေတွေကို ကိုယ်တိုင်လည်း ထည့်ဝင်ကြသလို လှူဖွယ်ပစ္စည်းတွေ ကိုလည်းလက်ခံနေပြီး မကြာခင် ရခိုင်ပြည်နယ်ကို သွားရောက်လှူဒါန်း မှာဖြစ်တယ်လို့ ကိုသားစိုးကပြောသွားပါတယ်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger