မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ ဆောင်ရွက်သူ အားလုံးကို ပြင်သစ် ထောက်ခံမည်

Wednesday, June 27, 20120 မှတ်ချက်များ


ပါရီ၊ ဇွန် - ၂၇
ပြင်သစ် သမ္မတ ဖရနှ်ဆွာ ဟော်လန် ဒီက ပြင်သစ်သည် မြန်မာ့ ဒီမိုကရေ စီအပြောင်း အလဲတွင် ပါဝင် ဆောင်ရွက် သူအားလုံးကို ထောက်ခံ သွားမည်ဖြစ်ကြောင်းနှင့် မြန်မာ၏ ပြုပြင်ပြောင်းလဲရေးသမ္မတ ဦးသိန်းစိန်ကိုလည်း ပြင်သစ်သို့ လာလည်ချင်ပါက ကြိုဆိုရန်အသင့်ဖြစ်ကြောင်းပြောကြားလိုက်သည်။


သမ္မတဟော်လန်ဒီသည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံပြီးနောက် မီဒီယာသို့ `ဒီနေရာမှာ ကျွန်တော် ထပ်ပြီး အတည်ပြုပါတယ်။ ပြင်သစ်ဟာ မြန်မာရဲ့ ဒီမိုကရေစီအကူးအပြောင်းမှာ ပါဝင်ခဲ့သူအားလုံးကို ထောက်ခံသွားမှာပါ။ ဒီဖြစ်စဉ် ဆုံးခန်းတိုင်ပြီး ပြည့်ဝတဲ့ဒီမိုကရေစီဖြစ်အောင် ဥရောပသမဂ္ဂနဲ့အတူ ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ကိုင် ဆောင်ရွက်သွားမှာပါ´ဟုပြောသည်။

၎င်းက သမ္မတဦးသိန်းစိန်နှင့်ပတ်သက်၍ `သူလာရောက်လည်ပတ်ချင်တယ်ဆို လာဖြစ်မှာပါ´ဟု ဒေါ်အောင်ဆန်းစုကြည်က သမ္မတသည် မြန်မာ့ဒီမိုကရေစီအရေးနှင့်ပတ်သက်၍ ရိုးသားမှုရှိကြောင်း ၄င်းအား ပြောခဲ့သည်ကို ထပ်ဖြည့်ပြောဆိုသည်။

သမ္မတဟော်လန်ဒီက “ပြင်သစ်ဟာ ဒီမိုကရေစီအကျိုးအတွက် အဆင်သင့်ဖြစ်နေရပါမယ်။ လိုအပ်သမျှအရာတွေဖြစ်တဲ့ ထောက်ခံမှုပေးရေး၊ လိုအပ်ရင် ဖိအားပေးရေး စတာတွေကိုလုပ်ဆောင်ရပါမယ်”ဟုဆိုသည်။

ဗြိတိန်သည် ယမန်နေ့က သမ္မတဦးသိန်းစိန်အား လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်၌ သုံးရက်ကြာ နေထိုင်စဉ် ပြင်သစ်နိုင်ငံရေးခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ဒေသခံမြန်မာများကို တွေ့ဆုံသွားရန်ရှိသည်။
__ Ref; AFP
7Day News Journal

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံ ပဲရစ်မြို့ သမ္မတနန်းတော်၌ ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်ဒီက ကြိုဆိုနေသည်ကို ဇွန်လ ၂၆ ရက်က တွေ့ရစဉ်။ အစိမ်းရောင်ဝတ်စုံနှင့် အ၀ါရောင်ပန်းများ ပန်ဆင်ထားသော ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံ မြန်မာအသိုင်းအ၀ိုင်းနှင့် လူ့အခွင့်အရေးအဖွဲ့များက ကြိုဆိုခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ သမိုင်းဝင် ဥရောပခရီးစဉ်အတွင်း ဆွစ်ဇာလန်၊ အိုင်ယာလန်၊ နော်ဝေနှင့် ဗြိတိန်နိုင်ငံတို့သို့ ရောက်ရှိခဲ့ပြီး ဗြိတိန်မှ ပြင်သစ်သို့ ရထားစီးလာခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- Getty Image
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger