Yahoo CEO Scott Thompson ရာထူးမှ နုတ်ထွက်

Wednesday, May 16, 20120 မှတ်ချက်များ

Yahoo!ကုမ္ပဏီရဲ့ CEO Scott Thompson ဟာ ရာထူးမှနုတ် ထွက်သွားပြီဖြစ်တယ်လို့ ယာဟူးကုမ္ပဏီမှ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က

အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါကြောင့် အဲဒီ လစ်လပ်ရာထူးနေရာမှာ တာဝန်ခံ ဒုတိယဥက္ကဌနဲ့ ယာဟူးကမ္ဘာလုံးဆိုင်ရာ မီဒီယာ ခေါင်းဆောင် Ross Levinsohn ကို ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ ယာဟူးကုမ်္ပဏီရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဟာ ယာယီစီအီးအိုအဖြစ် Ross Levinsohn နဲ့ ဥက္ကဌအဖြစ် Ross Levinsohn ကို ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုရာထူး အပ်နှင်းမှုတွေကို ချက်ခြင်း ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ယာဟူးမှ ပြောပါတယ်။ Scott Thompson ဟာ ယာဟူးစီအီးအိုအဖြစ် ပြီးခဲ့တဲ့ ဇန်န၀ါရီလကမှ စတင်တာဝန် ယူဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ရှယ်ယာပိုင်ရှင် တစ်ဦးဖြစ်တဲ့ Daniel Loeb ကနေ သွန်(ပ)ဆင် ဟာ ယခင် PayPal ဥက္ကဌ အဖြစ်ကနေ ယာဟူး စီအီးအိုအဖြစ် တာဝန်ယူတဲ့ အချိန်အထိ အမေရိကန်လုံခြုံရေးနဲ့ အိတ်ချိန်း ကော်မရှင်ကို တင်သွင်းထားတဲ့ ၎င်းရဲ့ ကိုယ်ရေး လျှောက်လွှာထဲမှာ ဖြည့်သွင်းထားတဲ့ စတုန်းဟေးလ် ကောလိပ်ကျောင်းဆင်း ကွန်ပျူတာသိပ္ပံဘွဲ့ရ ဆိုတာဟာ မမှန်ကန်ကြောင်း စွပ်စွဲခံရပြီးနောက်မှာ အခုလို သွန်(ပ)ဆင်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger