ပြည်တွင်း လုပ်သားများ စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများ အတွက် ကိုရီးယားသို့ သွားရောက် လုပ်ကိုင်မှုအား ခွင့်ပြု

Wednesday, May 16, 20120 မှတ်ချက်များ

အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီကနေ ကိုရီးယားနိုင်ငံမှာ သွားရောက်အလုပ် လုပ်ကိုင်ဖို့အတွက် အရည်အချင်းစစ် စာမေးပွဲတွေ

စစ်ဆေးစေလွှတ်လျက် ရှိရာမှာ အခုအခါ ကိုရီးယားနိုင်ငံရှိ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေ အတွက်ကိုပါ လုပ်သားခေါ်ဆိုဖို့ ခွင့်ပြုလာတယ်လို့ သိရပါတယ်။ ဒီလို စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေအတွက် ခေါ်ဆိုရာမှာတော့ လူအရေအတွက် များပြားမှုနဲ့ လုပ်သားတွေအတွက် ရပိုင်ခွင့်တွေအပေါ် စိစစ်ပြီးမှသာ ခွင့်ပြုပေးတာ ဖြစ်ပါတယ်။ ယခုတစ်ကြိမ်ခေါ်ယူမှုအတွက်ကတော့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းအတွက် လူဦးရေ ၂၄၀၀ ၀န်းကျင် ၊ ဆောက်လုပ်ရေး လုပ်ငန်းအတွက် လူဦးရေ ၉၀၀ ၀န်းကျင် ခေါ်ယူမှာ ဖြစ်ပါတယ်။

အဲ့ဒီ အလုပ်တွေအတွက် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲကိုတော့ ဇွန်လ ၃၀ ရက်နေ့နဲ့ ဇူလိုင်လ ၁ ရက်နေ့တို့မှာ ကျင်းပမှာဖြစ်ပါတယ်။ အဲ့ဒီ စာမေးပွဲတွေမှာ ၀င်ရောက်ဖြေဆို လိုသူတွေ အနေနဲ့ကတော့ မေလ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အတွင်း သက်ဆိုင်ရာ ရုံးတွေမှာ လျှောက်လွှာထုတ်ယူ တင်သွင်းနိုင်ပါတယ်။ ယခုခေါ်ဆိုတဲ့ အလုပ်အကိုင်အတွက် အသက်ကန့်သတ် ချက်ကတော့ အသက် ၁၈ နှစ်မှ ၃၉ နှစ်အထိ အသက်ကန့်သတ် ထားပါတယ်။ ဒါ့အပြင် စာမေးပွဲဖြေဆိုခွင့် လျှောက်ထားစဉ် ကာလများကတည်းက မိမိလုပ်ကိုင်လိုတဲ့ အလုပ်အမျိုးအစား တစ်ခုကိုသာ ရွေးချယ်ပြီး စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာကို တင်သွင်းရမှာ ဖြစ်ပါတယ်။ ဒီလို လျှောက်လွှာတင်သွင်းကာ စာမေးပွဲဖြေဆို အောင်မြင်ပြီးသွားရင်တော့ မိမိတို့လျှောက်ထား ထားတဲ့ အလုပ်အမျိုးအစားကို ပြောင်းလဲခွင့် မရှိဘူးလို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger