ကမ္ဘာ့ဘဏ်အဖွဲ့ဝင် နိုင်ငံတကာငွေကြေး ကော်ပိုရေးရှင်း IFC ဟာ Burundi နိုင်ငံရဲ့ စွမ်းအင်၊ စိုက်ပျိုးရေးနဲ့ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
ကဏ္ဍတွေမှာ ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ IFC ဟာ ဘူရွန်ဒီ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အဓိကကျတဲ့ လျှပ်စစ် ဓာတ်အားအတွက် ရေအားလျှပ်စစ် တည်ဆောက်ရေး လုပ်ငန်းကို ထောက်ပံ့ပေးသွားဖို့ အသင့်ဖြစ်နေပြီဖြစ်သလို စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေမှာလည်း ကျောထောက်နောက်ခံ ပြုသွားမှာဖြစ်တယ်လို့ ဒုတိယဥက္ကဋ္ဌ Lars Thunell က ပြောကြားခဲ့ပါတယ်။
ဘူရွန်ဒီ နိုင်ငံဟာ အရှေ့အာဖရိက ကွန်မြူနတီအုပ်စု EAC မှ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း အောင်မြင်အောင် ထောက်ပံ့ပေးသွားမယ်လို့ ကတိပေးပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် IFC ဟာ EAC အဖွဲ့ဝင်နိုင်ငံတွေအတွင်းမှာ ရင်းနှီးမြှုပ်နှံ လိုသူတွေကိုလည်း လုပ်ငန်း အဆင်ပြေချောမွေ့အောင် ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ဘူရွန်ဒီ နိုင်ငံရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Therence Sinunguruza က အခုလို စီးပွားရေးတိုးတက်မှု လမ်းကြောင်းပေါ် ရောက်ရှိအောင် ကူညီအကြံပေးတဲ့အတွက် IFC ကို ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြား ခဲ့တယ်လို့ သိရပါတယ်။
Reference : Xinhua.com

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။