F-35 ဂျက်လေယာဉ်များကို အမြင့်ဈေးဖြင့် ဂျပန်မှဝယ်ယူမည်

Wednesday, May 16, 20120 မှတ်ချက်များ

ဂျပန်နိုင်ငံဟာ F-35 ဂျက်တိုက်လေယာဉ်တွေ ဈေးနှုန်းမြင့်တက်သွား ပေမယ့်လည်း မူလအစီအစဉ်အတိုင်း အမေရိကန်ပြည်ထောင်စုထံမှ

လေယာဉ် ၄စင်း ၀ယ်ယူမယ်လို့ သိရပါတယ်။ အဆိုပါ F-35 ဂျက်တိုက်လေယာဉ်တွေကို အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံ ၈နိုင်ငံတို့ ပူးပေါင်း ထုတ်လုပ် တာဖြစ်ပါတယ်။ ဂျပန် အစိုးရအနေနဲ့ အဆိုပါ လေယာဉ်တွေကို လေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အမာခံလေယာဉ်တွေအဖြစ် အသုံးချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံဟာ အခုနှစ်ဘဏ္ဍာရေး နှစ်အတွင်း ဂျက်တိုက်လေယာဉ်တစ်စင်းကို အမေရိကန်ဒေါ်လာ ၁၃၈သန်းခန့်နဲ့ ၀ယ်ယူဖို့စီစဉ်ထားပြီး လာမယ့် ၂၀၁၆ခုနှစ်မတိုင်မီမှာ လေယာဉ်တွေ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဂျပန်အစိုးရဟာ F-35 ဂျက်တိုက်လေယာဉ် တစ်စင်းကို ကနဦးက အမေရိကန်ဒေါ်လာ ၁၂၃သန်းနဲ့ဝယ်ယူဖို့ စီစဉ်ထားခဲ့ေ ပမယ့်လည်း အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်ရေး အသုံးစရိတ် လျော့ချမှု အစီအစဉ်အရ ဂျက်လေယာဉ် ၀ယ်ယူမှုတွေကို အကန့်အသတ်နဲ့ ရွှေ့ဆိုင်း လိုက် တာကြောင့် ဂျက်လေယာဉ်တွေရဲ့ ဈေးနှုန်းတွေအခုလို မြင့်တက်လာရတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ၂၀၁၂ဘဏ္ဍာရေး နှစ်အတွင်း ပျံသန်းမှု လေ့ကျင့်ရေးစရိတ် အပါအ၀င် ဂျက်တိုက် လေယာဉ်ဝယ်ယူမှုအတွက် အမေရိကန်ဒေါ်လာ သန်း ၇၅၀လျာထားပြီး ဖြစ်ကြောင်း သိရပါတယ်။
Reference : NHK.com
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger