(၁) အစောဆုံး ခရစ်သက္ကရာဇ် ၁၅၀၀ လောက်က အသုံးပြုတဲ့အလံ လို့ ယူဆရတဲ့ ဟင်္သာအလံ
(၂)မြန်မာ စစ်တပ်တွေမှာ ရှေ့ဆုံးက ချီတဲ့ ကြက်လျှာစွန်း ၃ ခုနဲ့ အလယ်မှာ န၀ရတ်ကိုးပါး စီချယ်ထားတဲ့ သူရဲကြီးတံခွန်
(၃)မင်းတုန်းမင်းရဲ့တပ်များ စစ်ချီရာမှာသုံးတဲ့ ကြက်လျှာစွန်း ၃ ခုပါ အလယ်က အနက်ရောင် အပေါင်းသင်္ကေတ နဲ့ အလံ
(၄)ရှေးခေတ် မင်းခမ်းမင်းနားများမှာသုံးတဲ့ ဒေါင်းရုပ်ဖော်ထားတဲ့ အလံပါ။
(၅)အင်္ဂလိပ် ကိုလိုနီအစိုးရ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး နောက်ပိုင်း ယူနီယံဂျက် အလံနဲ့ ဒေါင်းတံဆိပ် ပေါင်းစပ် ထားတဲ့ အလံ
(၆)-အင်္ဂလိပ်ကို တော်လှန်ခဲ့တဲ့ မြန်မာလွတ်လပ်ရေးတပ်မတော် (BIA) ၃ ရောင်ချယ် ဒေါင်းအလံ
(၇) ဂျပန်ကို တော်လှန်ခဲ့တဲ့ မြန်မာ့တပ်မတော် ရဲ့ တော်လှန်ရေးအလံ
(၈)အင်္ဂလိပ် အစိုးရ ဘုရင်ခံအတွက် သီးသန့် အမှတ်တံဆိပ် အနေနဲ့ ယူနီယံဂျက်ရဲ့ အလယ်တည့်တည့်မှာ ဒေါင်းရုပ်ပါတဲ့ အလံ
(၉)မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန် ပြည်ထောင်စုအလံတော်
(၁၀)သမ္မတရဲ့ အမှတ်တံဆိပ် ဒေါင်းတံဆိပ်ပါတဲ့ အလံ
(၁၁)မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အာဏာရလာတဲ့ နောက်ပိုင်း အလံတော်
(၁၂)လက်ရှိအသုံးပြုနေတဲ့အလံကတော့ သူငယ်ချင်းတို့သိပြီးသားဖြစ်တဲ့ အလံပါပဲ
သူငယ်ချင်းတို့ရေ... ဘယ်အလံက ကျက်သရေ အရှိဆုံးလဲ???????

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။