CDMA ဖုန်းများတွင် အသုံးပြုနိုင်သည့် ငွေလွှဲစနစ်ကို WCDMA ဖုန်းလိုင်းတွင်လည်း အသုံးပြု ငွေလွှဲနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ငွေလွှဲခြင်းစနစ်အား ဖုန်းများအားလုံးအတွက် အသုံးပြုနိုင်ရန် မြန်မာ့ဆက်သွယ်ရေးမှ နောက်ပိုင်းတွင် ထပ်မံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ငွေလွှဲစနစ်မှာ (Top Up Card) ငွေဖြည့်ကဒ်အတွင်းမှ ငွေပမာဏကို ဖြည့်သွင်းသည့် ဖုန်းမှတိုက်ရိုက် ရိုက်နှိုပ်ဖြည့်သွင်းရန် မလိုအပ်ဘဲ အခြားဖုန်းမှ တဆင့် လွှဲပြောင်းဖြည့်သွင်းပေးနိုင်သည့် စနစ်ဖြစ်သည်။ ယင်းငွေလွှဲစနစ်ကို ယခင် CDMA ဖုန်းများတွင်အသုံးပြုနိုင်ခဲ့ပြီး နောက်ပိုင်းတွင် WCDMA မိုဘိုင်းဖုန်းလိုင်းများတွင်လည်း အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူက ရှင်းပြသည်။ “WCDMA ဖုန်းလိုင်းမှာ Internet,3G Service တွေအပြင် ငွေလွှဲစနစ်ကိုပါ အသုံးပြုနိုင်ပါတယ်။ Internet ကိုတော့ အခုလတ်တလော ချပေးနေပြီး 3G Service ငွေလွှဲစနစ်တွေကိုတော့ နောက်ပိုင်းမှာ ချပေးသွားဖို့ရှိပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူက ဆိုသည်။ ထို့အပြင် မိုဘိုင်းဖုန်း စနစ်မျိုးစုံအတွင်း အသုံးပြုနိုင်မည့် Top Up Card များထွက်ရှိမည်ဟူသည့် သတင်းမှာလည်း မှန်ကန်ခြင်းမရှိကြောင်း မြန်မာ့ဆက်သွယ်ရေးမှ အဆိုပါ တာဝန်ရှိသူမှ ဆက်လက်ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၃၁ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
WCDMA ဖုန်းလိုင်းတွင်လည်း CDMA ဖုန်းများနည်းတူ ငွေလွှဲနိုင်မည်
Wednesday, May 30, 20120 မှတ်ချက်များ

Labels:
ပြည်တွင်းသတင်း,
အင်တာနက်သတင်း

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။