မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်နှင့် VMG Telecoms ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သော YTalk ဖုန်းခေါ်ဆိုမှုအား သီးသန့်ခေါ်ဆိုမှု စင်တာအဖြစ် ရန်ကုန်မြို့၌ စင်တာငါးခုခန့်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ YTalk ဖုန်းခေါ်ဆိုမှု သီးသန့်စင်တာအား လက်ရှိအချိန်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်နှင့် ကြည့်မြင်တိုင် မြို့နယ်တွင် ဖွင့်လှစ်ပြီး ဖြစ်ကြောင်း VMG Telecom မှ တာဝန်ရှိသူက ပြောသည်။ “YTalk ခေါ်ဆိုမှု သီးသန့်စင်တာဖြစ်တဲ့အပြင် YTalk ကတ်တွေ ပင်မအရောင်းစင်တာပဲဖြစ်ပါတယ်။ အဲဒီစင်တာတွေမှာ အဓိကက ကတ်ဝယ်နိုင်တဲ့အပြင် နိုင်ငံခြားသို့ တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုခေါ်ဆိုနိုင်ဖို့အတွက် အင်တာနက်မြန်နှုန်းတွေကို ပုံမှန်ထက် မြှင့်ပေးထားပါတယ်” ဟု ၎င်းက ပြောကြားသည်။ YTalk Sale & Call Center များကို အဓိက အသုံးပြုသူများပြားသော နေရာများတွင် ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားသို့ အင်တာနက် အသုံးပြုပြီး တရားဝင်ဖုန်းခေါ်ဆိုနိုင်ရန် အတွက် Softphone နှင့် ငွေဖြည့်သွင်းန် ငွေဖြည့်ကတ်တို့ဝယ်ယူ အသုံးပြုရမည်ဖြစ်သည်။ အဆိုပါ YTalk သီးသန့် Call Center များကို လက်ရှိရန်ကုန်မြို့၌သာ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။ အင်တာနက်မှ တရားဝင်ဖုန်းခေါ်ဆိုနိုင်သည့် YTalk ဝန်ဆောင်မှုအား ရန်ကုန်၊ မန္တလေးမြို့ကြီးများ၌ အဓိက အသုံးပြုလျက်ရှိကြောင်း၂၀၁၂ ခုနှစ် မေလ ၃၁ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
ရန်ကုန်မြို့၌ YTalk သီးသန့်စင်တာ ငါးခုခန့်ဖွင့်မည်
Wednesday, May 30, 20120 မှတ်ချက်များ

Labels:
ပြည်တွင်းသတင်း,
အင်တာနက်သတင်း

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။