များကို Used Car Sales Center များ ဖွင့်လှစ်ကာ ဆောင်ရွက်
စေလျက် ရှိပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ စီးပွားရေးနှင့် ကူးသန်း
ရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ မေလ ၃ ရက်နေ့ အထိ ရရှိထားတဲ့ စာရင်းများ အရ
ပြည်တွင်းမှာ Used Car Sales Center များ ဖွင့်လှစ်ဖို့ အတွက် လျှောက်ထားမှု
များထဲမှ ၆၇ ခုကို ဖွင့်လှစ်ခွင့် ကဒ်များ ထုတ်ပေးပြီး ဖြစ်တယ်လို့
သိရပါတယ်။
အဆိုပါ စင်တာများဟာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အစရှိတဲ့ ဒေသတွေမှာ ဖွင့်လှစ် ရောင်းချပေး နေတာ ဖြစ်ပြီး ၀ယ်ယူမှု အတွက် ကားတင်သွင်းခွင့် ပါမစ်ကို ၀ယ်ယူ လိုသူမှ ယူဆောင် လာရမှာပဲ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက် ရာမှာတော့ မိမိဝယ်ယူမယ့် ကားရဲ့CIF တန်ဖိုးကို အမေရိကန် ဒေါ်လာဖြင့် ပေးချေဖို့ အခက်အခဲ ရှိသူများ အတွက် မြန်မာ ကျပ်ငွေဖြင့် ပေးချေ နိုင်အောင် အဆိုပါ စင်တာ များမှ ဆောင်ရွက် ပေးလျက် ရှိပါတယ်။ ဒီလို စင်တာများ ဖွင့်လှစ်ခွင့် အတွက် လျှောက်ထား မှုဟာ ၈၇ ခု ရှိခဲ့ပေမယ့် ၆၇ ခုသာ ဖွင့်လှစ်ခွင့် ကဒ်များ ထုတ်ပေး ရသေးတာ ဖြစ်ပါတယ်။
အဆိုပါ စင်တာ ၆၇ ခုအတွက် တင်သွင်း ရောင်းချ ခွင့်ပြုထားတဲ့ ကားအစီးရေ ကတော့ တစ်သောင်း သုံးထောင် ခုနှစ်ရာ သုံးဆယ့်ကိုး စီးဖြစ်ပြီး အစီးရေ နှစ်ထောင့် နှစ်ရာ ခုနှစ်ဆယ့်သုံး စီးဟာ အဆိုပါ စင်တာ များကို ရောက်ရှိ နေပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရောက်ရှိဖို့ ကျန်ရှိနေသေးတဲ့ ကားအစီးရေ ကတော့ တစ်သောင်း တစ်ထောင် လေးရာ ခြောက်ဆယ့်ခြောက် စီးဖြစ်ပြီး ရောက်ရှိနေတဲ့ ကားများထဲက ကိုးရာ ငါးဆယ့် ခုနှစ် စီးဟာ ရောင်းချပြီး ဖြစ်တဲ့အတွက် အဆိုပါ စင်တာများမှာ ကားအစီးရေ တစ်ထောင့် သုံးရာ နှစ်ဆယ့် တစ်စီးသာ ရောင်းချဖို့ ကျန်ရှိနေ တော့တာ ဖြစ်တယ်လို့ သိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။