ဆီးရီးယား နိုင်ငံ တောင်ပိုင်းရှိ
Daraa ခရိုင် အတွင်းတွင် ရှိသော ကုလသမဂ္ဂ စောင့်ကြည့်ရေး အဖွဲ့ဝင်များ
ရှိရာနှင့် အနီးအနားတွင် လမ်းဘေးထောင်
ဗုံး ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ကုလသမ္မဂ္ဂနှင့် အာရပ် နိုင်ငံများ ပူးပေါင်း အဖွဲ့၏ ကိုယ်စားလှယ် ဖြစ်သူ ကိုဖီအာနန်၏ ပြောရေးဆိုခွင့် ရှိသူမှ ဗုဒ္ဓဟူး နေ့က အတည်ပြု ပြောကြားလိုက်သည်။
ယခုလို ပေါက်ကွဲမှုကြောင့် စောင့်ကြည့် လေ့လာရေး အဖွဲ့ဝင်များ အနေဖြင့် ထိခိုက် သေဆုံးမှု မရှိသော်လည်း ဆီးရီးယား စစ်သည် အတော်များများမှာ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း Ahmad Fawzi မှပြောသည်။ ယခုလို ဖြစ်ရပ်မှာ ဆီးရီးယား ပြည်သူများ နေ့စဉ်နှင့် အမျှ ခံစားနေကြရသည့် ဖြစ်စဉ်များ ဖြစ်သည်ကို ဥပမာ ပေးလိုက်သလိုပင် ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှု ပုံသဏ္ဍာန် မျိုးစုံမှာ ချက်ချင်း ရပ်တန့်ရမည် ဖြစ်ကြောင်း Fawzi မှ ပြောခဲ့သည်။
ဆီးရီးယား အစိုးရ အနေဖြင့် အတိုက်အခံများ အပေါ် ပစ်ခတ်နေမှုများနှင့် ပတ်သက်ပြီး စောင့်ကြည့်နေသည့် ကုလသမ္မဂ္ဂ စောင့်ကြည့်ရေး အဖွဲ့ဝင် ၄၀ ခန့် ဆီးရီးယားတွင် ရောက်ရှိနေကာ အင်္ဂါနေ့က အာနန်မှ ပြောရာ၌ လာမည့် မေလ အကုန်တွင် စုစုပေါင်း စောင့်ကြည့်သူ ၃၀၀ ခန့် အထိ ဆီးရီးယား နိုင်ငံ သို့ ရောက်ရှိလာမည် ဖြစ်သည်ဟု ပြောကြား သွားခဲ့သည်။
source : xinhuanews

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။