၂၀၁၂ ရိုးရာ လှေပြိုင်ပွဲ ကျင်းပ တော့မည်

Thursday, May 10, 20120 မှတ်ချက်များ

မြန်မာနိုင်ငံ လှေလှော် အဖွဲ့ချုပ်က ကြီးမှူး ကျင်းပတဲ့ ၂၀၁၂ မြန်မာ့ရိုးရာ လှေလှော် ပြိုင်ပွဲကို မေလ ၁၈ ရက်တွင် ကျင်းပ တော့မှာ ဖြစ်ကြောင်း သိရှိရပါတယ်။
အဆိုပါ ပြိုင်ပွဲကို မြန်မာ ဘရူဝါရီမှ အဓိက ကူညီပံ့ပိုး ပေးထားပြီး ပြိုင်ပွဲကို မေလ ၁၈ ရက်မှ ၂၀ ရက်နေ့ အထိ ရန်ကုန်မြို့ အင်းယား ကန်တွင် ကျင်းပပေး သွားမှာ ဖြစ်တယ် လို့လည်း သိရှိရပါတယ်။ အဆိုပါ ၂၀၁၂ ABC ရိုးရာ လှေလှော် ပြိုင်ပွဲကို လူသစ်တန်းနှင့် အလွတ်တန်း ပြိုင်ပွဲ ၂ မျိုးဖြင့် ကျင်းပ ပေးမှာဖြစ်ပြီး အမျိုးသား ပြိုင်ပွဲနှင့် အမျိုးသမီး ပြိုင်ပွဲ၊ ပြိုင်ပွဲ ၂ ရပ်လုံး ပါဝင်မှာ ဖြစ်တယ် လို့လည်း သိရှိရပါတယ်။

အမျိုးသား ပြိုင်ပွဲတွင် ၅ တက်၊ ၇ တက်နဲ့ ၉ တက် မီတာ ၅၀၀ ၊ မီတာ ၇၀၀ နဲ့ မီတာ ၉၀၀ ပြိုင်ပွဲများ ပါဝင်မှာ ဖြစ်ပြီး အမျိုးသမီး ပြိုင်ပွဲတွင် ၅ တက်နဲ့ ၇ တက်ပြိုင်ပွဲ များသာ ပါဝင်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ အဆိုပါ ပြိုင်ပွဲရဲ့ အမျိုးသား လူသစ်တန်း ပြိုင်ပွဲမှာ အသင်း ၁၈ သင်း ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း သိရှိရပြီး အမျိုးသား အလွတ်တန်း ပြိုင်ပွဲမှာ အသင်း ၅ သင်း ပါဝင် ယှဉ်ပြိုင် မှာလည်း ဖြစ်ပါတယ်။ အမျိုးသမီး ပြိုင်ပွဲ မှာတော့ လူသစ်တန်းနဲ့ အလွတ်တန်း ပြိုင်ပွဲတို့တွင် အသင်း စုစုပေါင်း ၂၇ သင်း ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်တယ် လို့လည်း သိရှိရပါတယ်။

အဆိုပါ ပြိုင်ပွဲကို မေလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် စတင် ကျင်းပပေးမှာ ဖြစ်ပြီး ဖွင့်ပွဲ အပြီးတွင် ကနူးကယက် လှေလှော် သရုပ်ပြပွဲ ကိုလည်း ထည့်သွင်း သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ အဆိုပါ ပြိုင်ပွဲ အတွက် သတင်းစာ ရှင်းလင်းပွဲ ကိုတော့ မနေ့က နေ့လည် ၂ နာရီ ခန့်တွင် ရန်ကုန်မြို့ အင်းယား လမ်းရှိ မြန်မာနိုင်ငံ လှေလှော် အဖွဲ့ချုပ် ရုံးတွင် ကျင်းပပြုလုပ် ပေးခဲ့ပြီး အမျိုးသားနဲ့ အမျိုးသမီး ပြိုင်ပွဲ နှစ်ရပ်လုံး အတွက် ဆုကြေးများ အဖြစ် ပထမဆုကို ၆ သိန်း၊ ဒုတိယဆုကို ၄ သိန်း၊ တတိယဆုကို ၂ သိန်း အသီးသီး ချီးမြှင့် သွားမှာ ဖြစ်တယ် လို့လည်း သိရှိရပါတယ်။ ထို့အတူ ပြိုင်ပွဲ ကျင်းပနေတဲ့ ၃ ရက်စလုံးတွင် ပြိုင်ပွဲဝင်များရဲ့ နေထိုင် စားသောက် စရိတ်များကို ပြိုင်ပွဲကို အဓိက ကူညီပံ့ပိုးတဲ့ ABC မှ ကျခံပေး သွားမှာ ဖြစ်တယ် လို့လည်း သိရှိရပါတယ်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger