အခန်းအတွင်း အိမ်ရှင်အမျိုးသမီးကြီး တစ်ဦး သေဆုံးနေသည်ကို အပုပ်နံ့ရမှ သိရ

Thursday, May 10, 20120 မှတ်ချက်များ

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် တိုက်ခန်းကိုတွေ့ရစဉ်(ဓါတ်ပုံ-Eleven Media Group)
အခန်းအတွင်းမှ အပုပ်နံ့ရ၍ သော့ဖျက်ဝင်ရောက်ခဲ့ရာ အိမ်ရှင် အမျိုးသမီးကြီးတစ်ဦး သေဆုံးနေသည့် ဖြစ်စဉ် ကျောက်တံတားမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်ဟု Eleven Media Group သတင်းရသိပါသည်။

ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ကျောက်တံတားမြို့နယ် ၅ ရပ်ကွက် ၃၇ လမ်း အမှတ်--- (ပ)ထပ် ၀ဲ အခန်းမှ သော့ပိတ်ထားပြီး အခန်းအတွင်းမှ အပုပ်နံ့ရကြောင်း သတင်း အရ သက်သေများနှင့်အတူ အခန်း အတွင်း သော့ဖျက်ဝင်ရောက် စစ်ဆေးခဲ့ရာ အိမ်ရှင်ဒေါ်--- (၇၀နှစ်) မှာ နေအိမ် အိပ်ခန်းခုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် ပြင်ပ ဒဏ်ရာတစ်စုံတစ်ရာမတွေ့ဘဲ သေဆုံးနေသည်ကို တွေ့ရှိရပြီး သေဆုံးသူမှာ အခန်းတွင် တစ်ဦးတည်း နေထိုင်သူဖြစ်သည့်အပြင် ဧပြီလ ၂၅ ရက်နေ့နောက်ပိုင်း အပြင်သို့သွားလာသည်ကို မတွေ့ရှိရကြောင်း သိရှိရ သည်။

ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ရာ ပီအာရ် ၀၇၄ဖြင့် လက်ခံထားရှိထားသောကြောင့် သေဆုံးရခြင်းအကြောင်း ရင်းမှန်အား သိရှိနိုင်ရန် သေမှုသေခင်း ရေးဖွင့်မှုအပေါ် ကျောက်တံတား ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၂ဖြင့် သေမှုသေခင်းရေးဖွင့်ပြီး အမှုစစ်/တရားလိုမှ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ယင်းကဲ့သို့ အခန်းတွင်းမှအပုပ်နံ့ ရ၍ သော့ဖျက်ဝင်ရောက် စစ်ဆေးခဲ့ရာမှ အိမ်ရှင်ဖြစ်သူ အမျိုးသမီးကြီး သေဆုံးနေသည်ကို တွေ့ရှိရခြင်းနှင့် ပတ်သက်၍ အိမ်နီးချင်းနေထိုင်သူ တစ်ဦးက “အဲဒီအဘွားသေသွားတဲ့ အပေါ်ထပ်က အစ်မတစ်ယောက်က အောက်ကိုဆင်းလာတဲ့အချိန်မှာ အဲဒီအခန်းက အပုပ်နံ့တွေ အရမ်းထွက် နေတော့ မသင်္ကာလို့ သက်ဆိုင်ရာ ကို အကြောင်းကြားပြီး အခန်းထဲဝင် ကြည့်တော့ အိမ်ရှင်က သေဆုံးနေတာကိုတွေ့ရပါတယ်၊၊ တွေ့တဲ့အချိန်မှာတော့ သေနေတာကြာပြီ ဖြစ်လို့ အပုပ်နံ့အပြင် အရည်တွေပါ ထွက်နေပါတယ်” ဟု ၎င်းက ပြောပြခဲ့ကြောင်း Eleven Media Group အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger