ကင်ညာ ဒုက္ခသည်စခန်းကို တိုးချဲ့ရန် UNHCR စီစဉ်

Tuesday, May 22, 20120 မှတ်ချက်များ

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ဟာ ကင်ညာနိုင်ငံမြောက်ပိုင်း Kakuma မြို့ရှိ ဒုက္ခသည်စခန်းကို ထပ်မံတိုးချဲ့ဖို့ စီစဉ်နေတယ်လို့

သိရပါတယ်။ အဲဒီလိုတို့ချဲ့ဖို့ စီစဉ်တာဟာ တောင်ဆူဒန်နိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေအတွက် ခိုလှုံရာနေရာ ပေးနိုင်ဖို့ဖြစ်ပြီး အစီအစဉ်အရ ကင်ညာနိုင်ငံနဲ့ တောင်ဆူဒန် နှစ်နိုင်ငံနယ်စပ်နဲ့ ကီလိုမီတာ ၈၀အကွာမှ Kalobeyei ဒေသမှာ မြေနေရာ ဟက်တာ ၁၀၀ရှိ စခန်းတစ်ခု တည်ထောင်ပေးဖို့ သွားမှာဖြစ်ပါတယ်။

အဆိုပါ Kakuma ဒုက္ခသည်စခန်းဟာ ကင်ညာနိုင်ငံမှာ Daadab ဒုက္ခသည် စခန်းပြီးရင် ဒုတိယအကြီးဆုံး ဒုက္ခသည်စခန်းဖြစ်ပြီး ပြည်တွင်းစစ်ဒဏ် ခံစားနေရတဲ့ အာဖရိကနိုင်ငံ တော်တော်များများက ဒုက္ခသည်ပေါင်း ကိုးသောင်းခန့် ခိုလှုံနေလျက်ရှိပါတယ်။ အခုနှစ် အစောပိုင်းမှာ ဆူဒန်နဲ့ တောင်ဆူဒန် နှစ်နိုင်ငံနယ်စပ်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် တောင်ဆူဒန်မှ စစ်ဘေး ဒုက္ခသည်ပေါင်း ကိုးထောင်ခန့် လာရောက်ခိုလှုံခဲ့ကြကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ အခုလိုဒုက္ခသည်စခန်း တိုးချဲ့မယ့်အစီအစဉ်နဲ့ ပတ်သတ်ပြီး ကင်ညာအစိုးရ က လုံခြုံရေးကို စိုးရိမ်ပူပန်နေသလို ဒေသခံတွေကလည်း သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီး စေမှာကို စိုးရိမ်လျက်ရှိတယ်လို့ သိရပါတယ်။

Reference : Xinhua.com
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger