ဂျပန်နှင့်ပြင်သစ်တို့ စီးပွားရေး တည်ငြိမ်စေရန် လုပ်ဆောင်သွားမည်

Tuesday, May 22, 20120 မှတ်ချက်များ

ဥရောပ နိုင်ငံများ အတွင်း စီးပွားရေး တည်ငြိမ်စေလာရေး အတွက် ဂျပန်နှင့်ပြင်သစ် နိုင်ငံတို့မှာ ပူးပေါင်း လုပ်ဆောင်သွားတော့မည် ဖြစ်သည်။

နှစ်နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ ဖြစ်သော Koichiro Gemba နှင့် Laurent Fabius တို့မှာ အမေရိကန် ပြည်ထောင်စုတွင် တနင်္ဂနွေ နေ့က တွေ့ဆုံခဲ့ပြီး နေတိုး ဆွေးနွေးပွဲ အတွင်းတွင် ကြားဖြတ် တွေ့ဆုံခဲ့ကြခြင်း ဖြစ်ကာ ဂျပန်နိုင်ငံ အနေဖြင့် ပြင်သစ် နိုင်ငံကို ဥရောပဇုံ ကြွေးမြီ ပြဿနာများ ဖြစ်လာရမှုနှင့် ပတ်သက်ပြီး တားဆီးနိုင်ရန် ကူညီပေးသွားမည် ဖြစ်သည်ဟု ပြောခဲ့ကာ အတူတကွ လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှု ရနိုင်ကြောင်း ပြောကြား သွားခဲ့သည်။

စီးပွားရေး တိုးတက်မှုမှာ ဘဏ္ဍာရေး ပြန်လည် တည်ဆောက်နိုင်ရေး အတွက် မရှိမဖြစ် လိုအပ်ကာ ပြင်သစ်နိုင်ငံ အနေဖြင့် နည်းလမ်းများကို ရှာဖွေပြီး အောင်မြင်အောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောခဲ့သည်။ ယခုလို စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အတွက် ဂျပန်နှင့် အီးယူတို့ အကြားတွင် အလျင်မြန်ဆုံး အစပြုနိုင်ရန် အတွက် Koichiro Gemba မှ ညှိနှိုင်းမှု မကြာမီ အချိန်အတွင်း ရယူနိုင်ရန် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။

source : NHK news

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger