စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနက ထုတ်ပြန်တဲ့ အချက်အလက် အရ တက္ကစီယာဉ် တင်သွင်းမှု အတွက်ကို တက္ကစီ မော်တော်ယာဉ်
တင်သွင်းခွင့် ကုမ္ပဏီ ၈ ခုက စတင် တင်ပြထားပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို တင်သွင်းဖို့ အတွက် တင်ပြမှုကို ရန်ကုန်တိုင်း ဒေသကြီးရှိ ကုမ္ပဏီ ၈ ခုမှ တိုင်းဒေသကြီး အစိုးရ အဖွဲ့က အတည်ပြု ပေးထားကြောင်း သိရပါတယ်။ အဆိုပါ ကုမ္ပဏီတွေ ကတော့ Ocean & Orion ၊ Apex Greatest Industrial Services ၊ High Tech Princess Services ၊ Capital Auto motive နဲ့ ဦးသမာဓိ အင်တာ နေရှင်နယ် ကုမ္ပဏီ တို့က တင်ပြ ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် DOH Shwe Myanmar ၊ Triple Two Trading ၊ First Royal Family ၊ Asia Master စတဲ့ ကုမ္ပဏီ ၈ ခုကနေ တင်ပြတာ ဖြစ်ပါတယ်။ အဲ့ဒီ ကုမ္ပဏီတွေဟာ ၂၀၀၇ မော်ဒယ် အထက် တက္ကစီ ယာဉ်တွေကို တင်သွင်းဖို့ တင်ပြ ထားတာ ဖြစ်ပြီး ဒီလို တင်သွင်း ရာမှာ တရုတ်၊ အိန်္ဒိယ၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ အမေရိကန်၊ မလေးရှား စတဲ့ နိုင်ငံတွေက ယာဉ်တွေကို တင်သွင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို တင်သွင်း ရာမှာ တရုတ် နိုင်ငံထုတ် Geely Classic ၊Bionic mini ယာဉ်တွေကို တင်သွင်း မှာဖြစ်ပြီး အိန်္ဒိယ နိုင်ငံမှ Ta Ta Indigo Manza ၊Ta Ta Magic ယာဉ်တွေကို တင်သွင်းမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဂျပန်နိုင်ငံမှ တိုယိုတာ၊ နစ်ဆန်း၊ ကိုရီးယား နိုင်ငံမှ KIA ၊Daewoo စတဲ့ ယာဉ်အမျိုးအစားတွေ တင်သွင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို တင်ပြထားမှု အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းက သွင်းကုန် လိုင်စင်များကို ထုတ်ပေးဖို့ စီစဉ်ထားပြီ ဖြစ်တယ်လို့ သိရပါတယ်။ တက္ကစီ မော်တော်ယာဉ် တင်သွင်းခြင်းကို မေလ ၄ ရက်နေ့က စတင်ကာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ တင်ပြပြီး တင်သွင်းမှု များကို ခွင့်ပြုပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။