ပါကစ္စတန်နိုင်ငံဟာ နျူကလီးယား ဒုံးကျည် ထိပ်ဖူးတွေနဲ့ အင်အားပြင်း ဒုံးကျည်ထိပ်ဖူးတွေ သယ်ဆောင်နိုင်တဲ့ တာတိုပစ် ပဲ့ထိန်းဒုံးကျည် တစ်ခုကို
စမ်းသပ်ပစ်လွှတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဆိုပါ ဒုံးကျည်ဟာ အကွာအဝေးအားဖြင့် မိုင် ၁၀၀အထိ ပစ်လွှတ်နိုင်ပြီး နျူကလီးယား ဒုံးကျည်ထိပ်ဖူးနဲ့ ပေါက်ကွဲအားပြင်း ဒုံးကျည်ထိပ်ဖူးတွေကိုပါ တပ်ဆင်ပစ်ခတ်နိုင်ပါတယ်။
အဲဒီဒုံးကျည်ကို Nasa လို့ အမည်ပေးထားပြီး လောင်စာတောင့်သုံး တွန်းကန်အားစနစ်နဲ့ ပစ်လွှတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို အခုလကုန်ပိုင်းမှာ လုပ်ဆောင်ဖို့စီစဉ်ထားပြီး အဆိုပါ ဒုံးကျည်အမျိုးအစားကို တတိယမြောက်ပစ် လွှတ်မှု ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံဟာ မေလ ၁၀ရက်နေ့က လုပ်ဆောင်ခဲ့တဲ့ စစ်ရေးလေ့ကျင့် မှုတစ်ခုအတွင်းမှာလည်း Hatf III တာတိုပစ် ဒုံးကျည်တစ်မျိုးကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ သိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။