ပြည်တွင်း မှာရှိတဲ့ City Mart Supermarket နဲ့ ဂျပန် နိုင်ငံမှ G7 Group ကုမ္ပဏီနဲ့ ပူးပေါင်းပြီး သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက် အစရှိတဲ့
စားသောက်ကုန်များ ပိုမို အရည် အသွေး ကောင်းမွန်ဖို့ အတွက် ပူးပေါင်း ထုတ်လုပ် သွားဖို့ ရှိတယ်လို့ City Mart Holding Co,Ltd မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ G7 Group ကုမ္ပဏီဟာ နိုင်ငံတကာ မှာရှိတဲ့ Supermarket အရောင်းဆိုင် တွေမှာ စားသောက်ကုန် အရောင်းဆိုင် တွေကို စီမံ ခန့်ခွဲတဲ့ လုပ်ငန်း တွေကို လုပ်ကိုင် နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်းက City Mart Holding ကုမ္ပဏီဟာ ဆိုရင်လည်း ပိုမို အရည်အသွေး ကောင်းမွန်တဲ့ ပစ္စည်းများကို ရောင်းချ ပေးနိုင်ဖို့ အတွက် နည်းပညာ ပံ့ပိုးပေးနိုင်တဲ့ ကုမ္ပဏီ တွေကို ရှာဖွေခဲ့ပြီး အဆိုပါ G7 Group ကုမ္ပဏီနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ အခြေခံ အဆင့် တွေကို ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။ ဒီလို ပူးပေါင်း ရခြင်းဟာ ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံ များကို ပိုမို အရည်အသွေး ကောင်းမွန်တဲ့ စားသောက်ကုန်များ အဖြစ် ဂျပန်နိုင်ငံမှ စိုက်ပျိုးရေး နည်းပညာကို အသုံးပြုပြီး ပြည်တွင်းမှာ စိုက်ပျိုး ထုတ်လုပ်မှာ ဖြစ်ပါတယ်။
ဒါအပြင် City Mart များမှာ လက်လီ ရောင်းချ ရုံသာမက ဟိုတယ်နှင့် စားသောက် ကုန်များကိုလည်း တင်သွင်း နိုင်တဲ့အထိ စိုက်ပျိုးမှုတွေ ပြုလုပ် သွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ အဆိုပါ လုပ်ငန်းများကို လာမယ့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ လုပ်ငန်း စတင်နိုင်ဖို့ ခန့်မှန်း ထားတယ်လို့ သိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။