ပြည်တွင်းရှိ ICT ပညာရပ် ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် စဥ့်ကူ ဖောင်ဒေးရှင်းကို ပြုလုပ် သွားမှာ ဖြစ်တယ်လို့ အဆိုပါ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့
ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ စဥ့်ကူ ဖောင်ဒေးရှင်းဟာ ပြည်တွင်းရှိ ICT ပညာရပ်ဆိုင် ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် နောက်ဆုံးပေါ် Communication နဲ့ Computer ဆိုင်ရာ နည်းပညာများနဲ့ ပတ်သက်ပြီး အလုပ်ရုံ ဆွေးနွေးပွဲ များကို အဓိက ပြုလုပ်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဖောင်ဒေးရှင်း ကိုတော့ပြည်တွင်း မှာရှိတဲ့ ICT ပညာရှင်တွေ အတွက် ပညာရပ်ပိုင်း ဆိုင်ရာနဲ့ စိတ်ဓါတ် ရေးရာတို့မှာ ယုံကြည်မှု ရှိလာဖို့ အတွက် ရည်ရွယ်ပြီး တည်ထောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စဥ့်ကူ ဖောင်ဒေးရှင်း ကိုတော့ ပြည်တွင်းရှိ KMD Computer Group မှ CEO ဦးသောင်းတင်နဲ့ ထိုင်ဝမ်ရှိ HTC (High Tech Computer) Coorparation မှ CEO မစ္စတာ ပီတာချူ တို့မှ ပူးပေါင်း တည်ထောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။