ဆိုက်ရောက် ဗီဇာကို ရန်ကုန် လေဆိပ်မှ စတင် ထုတ်ပေး သွားမည်

Tuesday, May 22, 20120 မှတ်ချက်များ

၂၀၁၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ဆိုက်ရောက် ဗီဇာများကို ပြန်လည် ချထား ပေးရာမှာ ရန်ကုန် လေဆိပ်မှ စတင်ပြီး ထုတ်ပေး သွားမှာ ဖြစ်တယ်လို့

နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ဆိုက်ရောက် ဗီဇာပေးမူဟာ Business visa ကို ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခု လက်ရှိမှာ ဆိုက်ရောက် ဗီဇာ ထုတ်ပေးဖို့ အတွက် တာဝန်ရှိ သူများဟာ စံချိန်စံညွှန်း သတ်မှတ်ချက်များ သတ်မှတ်ဖို့ အတွက် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီလို ဆိုက်ရောက် ဗီဇာထုတ် ပေးဖို့အတွက် လိုအပ်တဲ့ စံချိန်စံညွှန်း သတ်မှတ်မှုတွေ ကိုတော့ မေလကုန်မှာ ထုတ်ပြန် ကြေညာ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆိုက်ရောက် ဗီဇာ ထုတ်ပေးမှုကို ၂၀၁၀ ခုနှစ်၊ သြဂုတ် လကုန်မှာ ရပ်နားထား တာဖြစ်ပြီး လာမယ့် ဇွန်လ ၁ ရက်နေ့ မှတော့ ပြန်လည် ထုတ်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger