ဗဟန်း၊ငွေလရောင်လမ်းတွင်တည်ရှိနေသောကျူရှင်ဖြိုပြီ

Tuesday, May 22, 20120 မှတ်ချက်များ

ပုံ/သရဲလေး(4mmnews.co.cc မှတာဝန်ခံ)
www.4mmnews.co.cc မှတာဝန်ခံကိုသရဲလေး စုံစမ်းရှာဖွေခဲ့သော် LYEC ဟူုခေါ်သောကျူရှင်ဖြိုမည်ဟုသိရှိရပါတယ်။ အရှည်ခေါက်က Light Year Education Centre လို့ဆိုပါတယ်။ ဒီကျောင်းမှာ ILBC ကျောင်းသား/သူနှင့် Horizon ကျောင်းသား/သူတက်တာအများဆုံးပါ။ အဲ့ကျောင်းကိုပြောရင် ILBC နှင့် Horizon ကျောင်းသား/သူအသိများသောကျူရှင်တစ်ခုဖြစ်ပါတယ်။ ထိုကျူရှင်မှ ကျောင်းသူတစ်ဦး 4mmnews.co.cc မှ ကိုသရဲလေးကို ရှင်းပြပါသည်။ "မနှစ်တစ်နှစ်ကတည်းက ကျူရှင်ကိုပြင်မယ်လို့သာပြောနေတာပါ။ လုပ်တာမတွေ့သေးပါဘူး။ မေလအလယ်အလတ်မှာစပြင်တာကိုကျွန်မသတိထားမိပါတယ်။"လို့ထိုသူကရှင်းပြပါတယ်။ ကျွန်တော်ဒီနေ့မနက်ကကြည့်တော့ အားလုံးနီးပါးဖြိုတော့မယ်။ အရင်နှစ်ကတည်းက ကျောင်းသားတွေ နေရာပြောင်းဖို့တွေးထားတာပါ။



လွန်ခဲ့တဲ့၂လက၊ ဆရာကြီးတွေ ခဏခဏပြောနေကျကတော့ ကျောင်းရွေ့မယ်ဆိုပြီး plan စာရွက်လေးကို ကျွန်တော်တွေ့ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူမှမယုံခဲ့ပါဘူး။ ခုတော့ ဖြိုပြီးရင် အသစ်ပြန်ဆောက်မှာဖြစ်ပါတယ်။ ၆ထပ်တိုက်အဖြစ်နဲ့၊ ပြီးတော့ ဘေးနားက သူတို့ရဲ့ကိုယ်ပိုင်ခြံကိုဖျက်ပြီး ကျူရှင်ကိုအကျယ်ကြီးပြန်ဆောက်မှာဖြစ်ပါတယ်။ အရင်ကအဲ့ဒီခြံမှာ LYEC ကျောင်းသား/သူတွေ ဆော့ပါတယ်။ ရပ်ကွက်ကနားငြီးလို့တိုင်ခံရတော့ မဆော့ရန် သချာင်္သင်သောဆရာ Sonny (ဒေါက်တာ.သန့်ဇင်) ကတားမြစ်ထားပါတယ်။

စစဖျက်တုန်းကအစဉ်မပြေတော့ ငွေလရောင်လမ်းနားမှာရှိတဲ့ အောက်ထပ်မှာLYECကျူရှင်သေးသေးလေးရှိပါတယ်(နဂိုကတည်းကရှိတာပါ)။ အဲ့နေရာမှာ ဆရာမတွေစုပြီးသင်ပါတယ်။ သင်္ချာဘာသာရပ်သင်တဲ့နေရာပါ။ ဖြိုခံရတဲ့နေရာမှာလည်း ဆရာ Bobby(မြန်မာနာမည်မသိ) ရဲ့အိပ်ခန်းက ပထမထပ်မှာရှိပါတယ် ပြီးတော့ အဲ့မှာ မီးခံသေတ္တာ။ Reception ကလည်း အောက်ထပ်ရဲ့အရှေ့မှာရှိပါတယ်။ နောက်ဖေးမှာ မီးပူ၊ ရေသောက်တဲ့နေရာလည်းထားရှိထားပါတယ်။ နေရာက ကျဉ်းတော့ စာသင်ရတာအစအဆင်မပြေပါဘူး။ အပေါ်ထပ်ရဲ့အရှေ့အခန်းမှာလည်း ပြေးပြေး၊ လျှောက်လျှောက် တုန်ယင်နေပါတယ်။ အပေါက်တွေလည်းဖြစ်ပါတယ်။ ထပ်ခိုးကလည်း မခိုင်ပါဘူး။ ခုတော့ဖြိုလိုက်ပါပြီ။
ဒီပုံက မဖြိုမီတိုက်၄၃အိမ်ကပါ။ ခုတော့ vandalism တွေနဲ့ logo ကဖရိုဖရဲဖြစ်နေပါပြီ။
ပြောင်းသွားတဲ့နေရာက မဟာမြင့်မိုရ်လမ်းမှာပါ။ အမှတ် ၅မှာ Reception၊ စာသင်ခန်းအချို့ သိပ်မကျယ်တဲ့နေရာပေါ့။ အမှတ်၂၁ မှာ လူအနေနည်းပါတယ်။ အဲ့ဒီနေရာမှာ လမ်းဘေးစားသောက်ဆိုင်အသေးရှိတဲ့အတွက် မွှန်ပါတယ်လို့ ကြားရှိရပါတယ်။ အမှတ် ၄၃ မှာလည်း နဂိုနေရာတစ်ခုရှိပါတယ်။ အမှတ် ၃၁ မှာလည်းLYECကျူရှင်ရှိပါတယ်။ ကျွန်တော်မလေ့လာရသေးပါ။ မဟာမြင့်မိုရ်လမ်းတွင် ကျူရှင်ဖြင့်စည်ကားနေတာကိုသိရပါတယ်။ Private School ဖြစ်မယ်လို့လည်းကြားရပါသေးတယ်။ လစာနည်းနည်းလေးနဲ့ ပြသနာလည်းရှာပါတယ်။ အထူးသဖြင့် ဆရာ Sonny ဟာ ကျောင်းသား/သူတွေကိုအချိန်ပိုခေါ်ပြီး ညဉ်းပန်းနှိပ်စက်ပါတယ်။ "အဲ့ကျောင်းက စာတော့အသင်ကောင်းပါတယ်။ ကျွန်တော်နေ့တိုင်းတက်တာတောင်၊ အချိန်တွေမအားလို့မပေးနိုင်တာကို မိဘကိုဖုန်းဆက်တယ်။" လို့ကျောင်းသားတစ်ဦးကပြောခဲ့ပါတယ်။
ဒါကမဖြိုမီတုန်းက ပုံကလေးပါ။


သူ့ရဲ့ဝဘ်ဆိုဒ်က www.lightyeareducation.com ပါ။ တစ်အားကောင်းပါတယ်လို့ဆိုပါတယ်။


မှတ်ချက် ။ ။ဓာတ်ပုံကိုသူများမသိအောင်ရိုက်ရတဲ့အတွက် တစ်ပုံပဲပါလာပါတယ်။

သရဲလေး
(4mmnews.co.cc)
[22/05/2012]
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger