မြန်မာနိုင်ငံမှာ Stock Exchange တစ်ခု တည်ထောင်ဖို့ အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ ဂျပန် နိုင်ငံရှိ ဒိုင်ဝါ သုတေသန အဖွဲ့ တိုကျိုစတော့ အိတ်ချိန်း
တို့ဟာ ယခု မေလ ၂၉ ရက် နေ့မှာ လက်မှတ် ရေးထိုးမှုများ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လက်မှတ် ရေးထိုးမှု ကိုတော့ နေပြည်တော်ရှိ အမရာ ဟိုတယ်မှာ ကျင်းပ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ MOU ရေးထိုးဖို့ အတွက် ကိုတော့ ဒိုင်ဝါ သုတေသန အဖွဲ့မှ ဘဏ္ဍာရေးနဲ့ အခွန် ၀န်ကြီး ဌာနကို ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ လက်မှတ် ရေးထိုပြီး ရင်တော့ ပြည်တွင်းမှာ Stock Exchange တစ်ခု ထူထောင်မှုကို ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ် အတွင်းမှာ တည်ထောင် နိုင်ဖို့အတွက် စီစဉ်မှုများ ပြုလုပ်ထား တယ်လို့ သိရပါတယ်။ ဒီလို စီစဉ်မှုတွေ အရ ပြည်တွင်းမှာ Stock Exchange တည်ဆောင်နိုင်မှု အလားအလာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလနဲ့ ယခုနှစ် မတ်လတို့မှာ တာဝန်ရှိသူများဟာ အလုပ်ရုံ ဆွေးနွေးမှုများ နှစ်ကြိမ် ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။
ဒိုင်ဝါ သုတေသန အဖွဲ့၊ တိုကျိုစတော့ အိတ်ချိန်းနဲ့ ပူးပေါင်းကာ ပြည်တွင်းမှာ စတော့ အိတ်ချိန်း ပူးပေါင်း ဆောင်ရွက် သွားနိုင်ဖို့ အတွက် တိုကျို စတော့ အိတ်ချိန်းဟာ လက်ရှိ မြန်မာနိုင်ငံမှာ ဖော်ဆောင်မယ့် ငွေချေး သက်သေခံ လက်မှတ် ဈေးကွက်ရဲ့ ဒီဇိုင်း ပုံစံအတွက် ကျွမ်းကျင်မှု ဆိုင်ရာ အကူအညီ များကို ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တိုကျို စတော့ အိတ်ချိန်းဟာ ၁၈၇၈ ခုနှစ် ကတည်းက စတင် တည်ထောင် ခဲ့တာ ဖြစ်ပြီး ရှယ်ယာ ရောင်းဝယ်မှု ပမာဏ အရ ကမ္ဘာပေါ်မှာ ဒုတိယ အကြီးဆုံး ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် ဒီလို ပြည်တွင်းမှာ စတော့ အိတ်ချိန်း ပေါ်ပေါက် နိုင်ဖို့အတွက် နည်းပညာ အကူအညီများ အပြင် ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ဥပဒေ တစ်ရပ် ပြဋ္ဌာန်းခြင်းနဲ့ ရှယ်ယာများ ထုတ်ရောင်း နိုင်ဖို့အတွက် အရည်အသွေး ပြည့်ဝတဲ့ အများပိုင် ကုမ္ပဏီတွေ ပေါ်ထွက်လာ ဖို့တွေဟာ ဦးစွာ လိုအပ်မှာ ဖြစ်တယ်လို့ ကျွမ်းကျင် သူတွေရဲ့ သုံးသပ်မှုတွေ အရ သိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။