ဂျပန် နိုင်ငံရှိ ထိပ်တန်း အီလက်ထရွန်းနစ် ကုမ္ပဏီကြီးများ ဖြစ်သည့် Sonyနှင့် Panasonic တို့မှာ ၎င်းတို့၏ နှစ်စဉ် ငွေစာရင်း ရှင်းတမ်းကို
ထုတ်ပြန်လိုက်ပြီ ဖြစ်ကာ အမေရိကန် ဒေါ်လာ ၅.၇ ဘီလီယံနှင့် ၉.၆၇ ဘီလီယံ အသီးသီး အရှုံးပေါ်ခဲ့ကာ ဆယ်စုနှစ် သုံးခု အတွင်း အများဆုံးသော ပမာဏလည်း ဖြစ်သည်။ ယခုလို ဖြစ်ရပ်ကြောင့် ၎င်းတို့၏ စတော့ ရှယ်ယာများမှ ဈေးကျ သွားခဲ့ရကြောင်းလည်း သိရသည်။
Sony ၏ ရှယ်ယာမှာ ၆.၄၃ ရာနှုန်း သို့မဟုတ် ၁၁၃၅ ယန်းသို့ ကြသပတေး နေ့က ကျဆင်းခဲ့ရပြီး Panasonic ၏ ရှယ်ယာ ဈေးမှာလည်း သောကြာနေ့က ၁.၅၅ ရာနှုန်း ကျဆင်းခဲ့ရကာ ယန်း ၅၇၀ ဖြင့် စတော့ ပိတ်ခဲ့သည်။ အဆိုပါ ကုမ္ပဏီများ၏ ရှယ်ယာဈေးများမှာ လွန်ခဲ့သည့် ၁၉၈၀ ခုနှစ် နောက်ပိုင်းတွင် အနည်းဆုံး အဆင့်သို့ ကျဆင်းခဲ့ရခြင်း ဖြစ်ကာ စတော့ဈေးများ ကျဆင်းခဲ့ရမှုကြောင့် ယခုလို ဖြစ်ခဲ့ရခြင်း ဖြစ်ကြောင်း Nikkei Business Daily သတင်းတွင် ပါရှိသည်။
အလားတူပင် Sharp ကုမ္ပဏီမှာလည်း နှစ်စဉ် အရှုံးစာရင်း အဖြစ် ဒေါ်လာ ၄.၇ ဘီလီယံ အရှုံးပေါ်ခဲ့ကြောင်း သိရကာ ဆယ်စုနှစ်များစွာ အတွင်း အနိမ့်ဆုံးသို့ ရောက်ခဲ့ရခြင်း ဖြစ်ပြီး စတော့ဈေး ၅.၁၀ ရာနှုန်း ကျခဲ့ကာ ယန်း ၃၉၀ သို့ ရောက်ခဲ့သည်။ ယခင်လကလည်း sony ကုမ္ပဏီမှာ အလုပ်အကိုင် ၁ သောင်းကို လျော့ချရန် ပြောကြားခဲ့ပြီး ကုမ္ပဏီ အတွင်း အမှုဆောင်ချုပ် အပြောင်းအလဲတွင် အခက်အခဲများ ကြုံခဲ့ရသည်။
source : presstv.ir

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။