ထင်း/မီးသွေး အလွန်အကျွံခုတ်ယူမှုကြောင့် ရခိုင်ပြည်နယ်က ဝမ်ဖိုက်ဒီရေတောပြုန်းတီးစပြု

Sunday, May 13, 20120 မှတ်ချက်များ

မိုးဝေ-ရခိုင်ပြည်နယ် (မြစ်မခ)
မေ(၁၂)ရက်၊၂၀၁၂ခုနှစ်။

ရခိုင်ပြည်နယ်တွင် ဝမ်ဖိုက်တောကြိုးဝိုင်းဒီရေတောများကို ဒေသခံများက ထင်းမီးသွေးအဖြစ် အလွန်အကျွံ အသုံးပြုလာကြသည့်အတွက် ဒီရေတောပြုန်းတီး၍ ကြိုးဝိုင်းစတင်လျော့နည်းလာကြောင်း သိရှိရသည်။

ဒီရေတောပေါက်ရောက်မှု အများဆုံးဒေသဟု သတ်မှတ်ခြင်းခံထားရသော ရခိုင်ပြည်နယ်၌ ဝမ်ဖိုက်တော ဒီရေတောများမှ ထင်းမီးသွေးလောင်စာအဖြစ်ခုတ်ထွင်းမှု ပိုများလာသည့်အတွက် ယခုကဲ့သို့ လျော့နည်း လာခြင်းဖြစ်သည်။

“ကျနော်တို့ ကျောက်ဖြုရမ်းဗြဲဘက်မှာလည်း ဒီရေတောတွေ၊ ဝမ်ဖိုက်တောကြိုးဝိုင်းတွေ လျော့နည်းလာတယ်၊ လျော့နည်းလာတဲ့ အကြောင်းကတော့ ထင်းခုတ်တာတို့ မီးသွေးထုတ်လုပ်တာတွေကြောင့်လည်း ပါတယ်၊ ဒီရေတောတွေ ပျက်စီးလာတာလည်း တစ်ချက်ပါတယ်၊ ကာကွယ်ထိန်းသိမ်းဖို့ဆိုတာက တော်တော်ခက်ခဲ လိမ့်မယ် ဘာလို့ဆိုတော့ လောင်စာအစားထိုးက ထင်း၊မီးသွေးနဲ့ဘဲ လည်ပတ်နေတာဆိုတော့’’ဟု ကျောက်ဖြူ မြို့ဒေသတစ်ဦးက ရှင်းပြသည်။


ဒီရေတော့ အများဆုံးရှိသည့် ရမ်းဗြဲမြို့နုယ် ဝမ်ဖိုက်ဒီရေတောကြိုးအတွင်းမှ ဒီရေတောများမှာ လျော့နည်းလာ သလို ပျက်စီးမှုများလည်း ရှိလာကြောင်း ၄င်းက ဆက်ပြောသည်။

နေ့စဉ်လိုအပ်ချက်ဖြစ်သည့် ထင်း၊မီးသွေး၊တိုင် စသည်တို့ကို ဒီရေတောများမှခုတ်ယူရလေ့ရှိရာ ဒေသခံတို့မှာ မိုးမကျမီတွင် ထင်းလောင်စာအဖြစ် ဒီရောတောများက ခုတ်ယူရှာဖွေဖြည့်ဆည်းနေခြင်းကြောင့်ဖြစ်သည်။

“ကျေလက်တွေမှာတော့  မီးသွေး မသုံးဘူးလေ၊ ထင်းဘဲ သုံးတာ၊ ကျွန်တော်တို့ဘက်ကလူတွေဆိုရင် ဝေးလံတဲ့ နေရာတွေကို သွားပြီးထင်းခုတ်ယူရတယ်၊ မင်းပြားနယ်ကလူတွေဆိုရင် မြေပုံဘက်သို့ သွားပြီး ထင်းရှာရတယ်၊ အရင်ကကိုယ့်နယ်မှာရပေမယ့်၊ အခုထင်းရှာလို့ မလွယ်တော့ဘူး”ဟု မင်းပြားမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ဒီရေတောပေါက်ရောက်မှု စုစုပေါင်း (၃၅၀၀၀၀) ဧကရှိပြီး၊ သံတွဲခရိုင်တွင် ဒီရေတော ( ၁၂၀၀၀) ဧက၊ ကျောက်ဖြူခရိုင်တွင် ( ၁၈၀၀၀၀ ) ဧက နှင့်မောင်တောခရိုင်တွင် ( ၅၀၀၀၀ ) ဧက အသီးသီး ရှိသည်။

“စစ်တွေမြို့မှာဆိုရင် အရင်ကထင်းတွေသုံးကြပေမယ့်အခု မီးသွေးဘဲ သုံးလာတာတွေ့ရတယ်၊ မီးသွေးတွေ က တောင်ကုတ်တို့ မြေပုံ၊ ကျောက်ဖြူဘက်က လာတာ၊ ဒီရေတောကိုဘယ်လိုဘဲ ကာကွယ် ကာကွယ် ထင်း မီးသွေးမရှိရင် ချက်ပြုတ်ရေးပိုင်းမှာ လောင်စာကိုဘာနဲ့ အစားထိုးမလဲ ၊ အခုစစ်တွေမှာ အချို့သုံးနေကြတဲ့ ဂက်စ်ဆိုတာလည်း လူတော်တော်များများ မသုံးနိုင်ဘူးလေ၊ လျှပ်စစ်မီးနဲ့ဆိုရင်လည်း မီတာခ ဈေးကြီးတော့ ဘယ်လိုမှ အဆင်မပြေဘူး”ဟု စစ်တွေမြို့ခံတစ်ဦးက ရှင်းပြခဲ့သည်။

ဒီရေတောသည် သဘာဝဘေးအန္တရယ်များကို အကာအကွယ်ပေးနိုင်သလို မြစ်ကမ်းပြိုခြင်းများကိုလည်း ကာကွယ်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးသမားတို့ကဆိုသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger