ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားတို့မှ ကုန်သွယ်ရေး ဝန်ကြီးများမှာ သုံးနိုင်ငံ လွတ်လပ်စွာ ကုန်သွယ်ရေး သဘော တူညီချက်ကို ယခုနှစ်ကုန် အမှီ ရရှိရန်
အတွက် ဆွေးနွေးပွဲ ပြုလုပ်ရန် စဉ်းစားနေကြောင်း သိရသည်။
အဆိုပါ ဝန်ကြီးများ အနေဖြင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး တရုတ်ပြည် ဘေဂျင်းတွင် စနေနေ့၌ ဆွေးနွေးမည် ဖြစ်ကာ တရုတ်နိုင်ငံ မြို့တော်တွင် နိုင်ငံ့ခေါင်းဆောင်များ အကြား တနင်္ဂနွေနေ့တွင် တွေ့ဆုံမည့် ရက်မတိုင်မီ တစ်ရက် အလိုတွင် အကြို ဆွေးနွေးရန် စဉ်းစားကြခြင်း ဖြစ်သည်။ ဂျပန် ကုန်သွယ်ရေး ဝန်ကြီးဖြစ်သူ Yukio Edano မှာ တရုတ် ဘဏ္ဍာရေး ဝန်ကြီး Chen Deming နှင့် တောင်ကိုရီးယား ကုန်သွယ်ရေး ဝန်ကြီးဖြစ်သူ Bark Tae-ho တို့မှာ လွတ်လပ်စွာ ကုန်သွယ်ရေး ဆွေးနွေးပွဲကို ယခုနှစ် အတွင်း ပြုလုပ်ရန် ဆွေးနွေးကြခြင်း ဖြစ်သည်။
Chen နှင့် Bark တို့မှာ ယခု သဘောတူညီချက်နှင် ပတ်သက်ပြီး သုံးနိုင်ငံ အကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမို ခိုင်မာစေမည် ဖြစ်ကြောင်း မျှော်လင့်ထားကြသည်။ သုံးနိုင်ငံ ဝန်ကြီးများ အနေဖြင့် ဒေသတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများနှင့် ပတ်သက်ပြီး မူကြမ်းအတွင်း နိုင်ငံပေါင်း ၁၆ နိုင်ငံ ပါဝင်လာနိုင်ရန် သဘော တူညီမှု ရယူနိုင်ကြောင်းလည်း NHk သတင်းတွင် ဖော်ပြ သွားခဲ့သည်။
source : NHK news

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။