သမ္မတ ရာထူး နေရာအတွက် Romney မှာ Obama ထက် နှစ်သက်သူများနေ

Wednesday, May 16, 20120 မှတ်ချက်များ

လာမည့် သမ္မတ သက်တမ်းအတွက် အမေရိကန် ပြည်ထောင်စုတွင် တနင်္လာ နေ့က ပြုလုပ်သော နိုင်ငံအနှံ့ စစ်တမ်းတစ်ရပ် အရ သမ္မတလောင်း အဖြစ်

ယှဉ်ပြိုင်မည့် Mitt Romney မှာ လက်ရှိ သမ္မတ Obama ထက်စာပါက လိုလားသူ ပိုမို များပြားနေကြောင်း သိရသည်။ The New York Times/CBS တို့ ပြုလုပ်သည့် အဆိုပါ စစ်တမ်းအရ Romney မှာ ၄၆ ရာနှုန်းနှင့် သမ္မတ Obama မှာ ၄၃ ရာနှုန်းရှိကြောင်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ယခင်လက ပြုလုပ်ခဲ့သည့် စစ်တမ်း အရမူ နှစ်ဦးလုံးမှာ ၄၆ ရာနှုန်းဖြင့် ညီမျှစွာ ရှိခဲ့ကာ ယခုလတွင် Obama မှာ နောက်ကောက်ကျခဲ့ရသည်။
ယခု စစ်တမ်းအရ ၂၆ ရာနှုန်းသော ဖြေကြားသူများမှာ Obama ကို မဲပေးရန် မလိုလားဘဲ ၁၆ ရာနှုန်းကသာ မဲပေးရန် လိုလားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့အပြင် အိုဘားမား မကြာသေးမီက ကြေညာခဲ့သည့် လိင်တူ လက်ထပ်မှုကို သဘောတူညီမှု အပေါ် နိုင်ငံရေး အရ ကြိုက်နှစ်သက်ခဲ့သော်လည်း ယခုလို စစ်တမ်းတွင် နောက်ကျ ကျန်ခဲ့ရသည်။ အဆိုပါ ကြေညာချက်နှင့် ပတ်သက်ပြီး ၆၇ ရာခိုင်နှုန်းမှာ နိုင်ငံရေး အရ ပြုလုပ်ခြင်း ဖြစ်သည်ဟု ယုံကြည်ထားကြကာ ၂၄ ရာနှုန်းကသာ ၎င်းကိုယ်တိုင် လက်ခံပြီး လိင်တူ လက်ထပ်ခြင်း ကို ထောက်ခံခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။

source : The New York Times

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger