အင်ဒိုနီးရှားသို့ ဒေါ်လာ ၂ ဘီလီယံ ချေးရန် ကမ္ဘာ့ဘဏ် သဘောတူ

Wednesday, May 16, 20120 မှတ်ချက်များ

အာရှ၏ အမြန်ဆုံး တိုးတက်နေသော စီးပွားရေးကို ပိုင်ဆိုင်ထားသူ အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် ဖြစ်လာနိုင်သည့် ကြွေးမြီ ပြဿနာများကို

ဖြေရှင်းနိုင်ရန် အတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာ ၂ ဘီလီယံကို ချေးပေးရန် သဘော တူညီလိုက်ကြောင်း အင်္ဂါနေ့က ထုတ်ပြန် ကြေငြာလိုက်သည်။

ကမ္ဘာ့ဘဏ်မှ ပြောရာ၌ အဆိုပါ ချေးငွေကို အင်ဒိုနီးရှား အစိုးရမှ တောင်းဆိုလိုက်ခြင်း ဖြစ်ကာ နောက်ထပ် ရုတ်တရက် ဖြစ်လာနိုင်သည့် အကြပ်အတည်းနှင့် မတည်ငြိမ်သည့် အခြေအနေများ အတွက် အရေးပေါ် သုံးစွဲနိုင်ရန် ဖြစ်သည်ဟု ပြောသည်။ တစ်ချိန်က အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ နိုင်ငံများမှပင် အားကျခဲ့ရသည့် တိုးတက်မှု လျင်မြန်ခဲ့သော အင်ဒိုနီးရှား နိုင်ငံမှာ မကြာသေးမီ ကာလများက ပို့ကုန်များ လျော့ကျခဲ့ပြီးနောက် စီးပွားရေး နှေးကွေးမှု ဖြစ်လာခဲ့သဖြင့် ယခုလို လုပ်ဆောင်ရခြင်းလည်း ဖြစ်သည်။

ယခုလို ချေးငွေ ရရှိခြင်းဖြင့် နှစ်ဖက် အဖွဲ့များ အကြားတွင် စီးပွားရေး ပြုပြင် ပြောင်းလဲမှုဆီသို့ ချီတက်နေသည့် လုပ်ဆောင်ချက် အတွက် အတန်အသင့် ခက်ခဲသည့် ပြဿနာများကို ကျော်လွှားနိုင် လိမ့်မည် ဖြစ်ကြောင်း မျှော်လင့်ထားကြသည်။ ကြွေးတင်နေသည့် ဥရောပ နိုင်ငံများထက် စာပါက အင်ဒိုနီးရှား နိုင်ငံမှာ အခက်အခဲများကို ကြံကြံ ခံနိုင်စွမ်း ပိုကောင်းသော်လည်း နောက်ထပ် ပြဿနာများ အတွက်မူ ထိရှလွယ်သည့် အနေအထားတွင် ရှိနေရဆဲပင် ဖြစ်သည်။ လက်ရှိ အနေအထား အရ ဥရောပ သမ္မဂ္ဂ အပါအဝင် အမေရိကန်နှင့် တရုတ် နိုင်ငံများတွင် စီးပွားရေး နှေးကွေးမှု ဖြစ်စဉ် ပိုမို ဆိုးရွားလာပါက အင်ဒိုနီးရှား၏ စီးပွားရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေမည် ဖြစ်ကြောင်း CNA သတင်းတွင် ဖော်ပြခဲ့သည်။

source : channelnewsasia.com

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger