နေတိုးကို အလိုမရှိဟု ဗြိတိန် ပြည်သူတို့ ကြွေးကျော်

Wednesday, May 16, 20120 မှတ်ချက်များ

ဗြိတိန် နိုင်ငံရှိ စစ်ဆန့်ကျင်ရေး လှုပ်ရှားသူများမှာ လာမည့် စနေနေ့ မေလ ၁၉ ရက်တွင် လန်ဒန်ရှိ အမေရိကန် သံရုံးရှေ့တွင် စုရုံး ဆန္ဒပြရန် စီစဉ်ထားကာ

စစ်ကို လိုလားသည့် မူဝါဒများကို ကိုင်စွဲထားသော မြောက်အတ္တလန္တိတ် စစ် စာချုပ် အဖွဲ့ ( နေတိုး ) ၏ လုပ်ရပ်များကို ဒေါသထွက်နေကြကြောင်း Presstv သတင်းတွင် ဖော်ပြသည်။

အဆိုပါ ဆန္ဒပြမှုကို အမေရိကန် သမ္မတ ဘားရက် အိုဘားမားမှ ချီကာဂိုတွင် ၂၅ ကြိမ်မြောက် နေတိုး အစည်းအဝေး ကျင်းပရန် စီစဉ်သည့် မေလ ၂၀ မှ ၂၁ ရက်နေ့ လုပ်ရပ် မတိုင်မီ တစ်ရက် အလိုတွင် ကျင်းပရန် စီစဉ်ခြင်းလည်း ဖြစ်သည်။
ယခုလို ဆန္ဒ ထုတ်ဖော်ပွဲ စီစဉ်သူမှ ပြောရာ၌ စစ်ဆန့်ကျင်မှု စည်းရုံး လှုံ့ဆော်ပွဲ ပြုလုပ်ပြီး ပူးပေါင်း စစ်အဖွဲ့ကို ရပ်တန့်စေရေးပင် ဖြစ်သည်ဟု ပြောခဲ့ကာ အမေရိကန် ပြည်ထောင်စုရှိ ကုလသမ္မဂ္ဂ စစ်ဆန့်ကျင်ရေး ပူးပေါင်း အဖွဲ့မှလည်း ချီကာဂို မြို့တွင် ချီတက် ဆန္ဒပြရန် စီစဉ်ထားကြောင်း သိရသည်။ ယခုလို စစ်ဆန့်ကျင်ရေး လှုပ်ရှားမှု နှစ်ခုကို ပြုလုပ်ရခြင်းမှာ နေတိုး အဖွဲ့၏ စစ်လိုလားသော မူဝါဒနှင့် သူတော် ဟန်ဆောင်ထားသည့် သဘော သဘာဝကို ဆန့်ကျင်လို ခြင်း ဖြစ်ကြောင်းလည်း ပြောသည်။

၎င်းတို့မှ ပြောရာ၌ နေတိုး အနေဖြင့် အီရန် နိုင်ငံကို အစ္စရေး အပေါ် လက်ရှိ ရှိနေသည့် ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် သဘောထား စေရန် ထုတ်ဖော် လုပ်ဆောင်မှုများကို ပြုလုပ်ပြီး ယင်းမှတစ်ဆင့် ပြင်းထန်သည့် တုံ့ပြန်မှု ပြုရန်ကိုလည်း လိုလားကြောင်း အဆိုပါ အဖွဲ့မှ ပြောသည်။
“No to NATO " ဟု ရေးသားထားသည့် ကြွေးကြော်စာကို ရွတ်ဆိုကာ ဗြိတိန်နှင့် အမေရိကန်ရှိ နေတိုး အဖွဲ့ကို ဆန့်ကျင်သူများမှ ဆန္ဒ ပြရန် စီစဉ်ထားပြီး အာဖဂန်နစ္စတန် နိုင်ငံမှ စစ်သည်များကိုလည်း ပြန်လည် ဆုတ်ခွာကြရန် ၎င်းတို့၏ အစိုးရများထံသို့တောင်းဆိုသွားမည် ဖြစ်သည်ဟု presstv သတင်းတွင် ဖော်ပြခဲ့သည်။

source : presstv.ir

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger