အီရန် နိုင်ငံ၏ နှုကလိယ အရေး လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး နိုင်ငံတကာမှ ဖိအားများ မြင့်တက်လာမှုနှင့် အညီ အိန္ဒိယ နိုင်ငံမှာ အီရန်မှ ဝယ်ယူနေသည့်
ရေနံများထဲမှ ၁၁ ရာနှုန်းကို လျော့ချရန် စီစဉ်လိုက်ပြီ ဖြစ်သည်။
ယခုလို အစီအစဉ်ကို အင်္ဂါနေ့က အငယ်တန်း ရေနံ ဝန်ကြီးဖြစ်သူ RPN Singh မှ ပါလီမန်သို့ စာဖြင့် ပေးပို့ခဲ့ခြင်း ဖြစ်ကာ အိန္ဒိယ အနေဖြင့် လာမည့်မတ်လ အထိ ယခုနှစ် အတွင်းတွင် ရေနံစိမ်း တန်ချိန် ၁၅ သန်းသာ တင်ပို့မည် ဖြစ်ကြောင်း ပြောခဲ့ကာ ယင်းပမာဏမှာ ယခင် တစ်နှစ်ကထက် စာပါက တန်ချိန် ၂ သန်း လျော့ချလိုက်ခြင်းလည်း ဖြစ်သည်။
အိန္ဒိယ နိုင်ငံ အနေဖြင့် ရေနံ တင်သွင်းမှု လျော့ချရေးနှင့် ပတ်သက်ပြီး ပထမဆုံး အကြိမ်အဖြစ် ယခုလို လုပ်ဆောင်ခြင်း ဖြစ်ကာ အမေရိကန် ပြည်ထောင်စု အနေဖြင့် အီရန်ကို သိသာသည့် ပိတ်ဆို့မှု မပြုသည့် နိုင်ငံများ အပေါ် ဘဏ္ဍာရေး အရ ပိတ်ဆို့မှု ပြုရန် ပြုလုပ်လာ အပြီးတွင် ယခုလို လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။ အိန္ဒိယ နိုင်ငံမှာ အီရန် နိုင်ငံမှ ရေနံ တင်သွင်းမှုကို တရုတ်ပြီးလျင် ဒုတိယ အများဆုံး ဝယ်ယူနေသည့် နိုင်ငံတစ်ခု ဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် အနေဖြင့် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သည့် SM Krishna ကို မေ ၈ ရက်တွင် နယူးဒေလီ၌ တွေ့ဆုံခဲ့ပြီး အိန္ဒိယကို ရေနံ တင်သွင်းမှု လျော့ချရန် ဆွေးနွေးခဲ့ အပြီးတွင် ယခုလို ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
source : NHK news

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။