Myanmar Business Plan Contest 2012 ပွဲ ဒုတိယအကြိမ် ကျင်းပ ပြုလုပ်မည်

Friday, May 18, 20120 မှတ်ချက်များ

ပြည်တွင်းရှိ UMFCCI နဲ့ ဂျပန်နိုင်ငံ CIESF အဖွဲ့တို့ ပူးပေါင်းပြီး ဒုတိယ အကြိမ် အဖြစ် Myanmar Business Plan Contest 2012 ပြိုင်ပွဲကို ကျင်းပ

ပြုလုပ် သွားမယ်လို့ မေလ ၁၆ ရက်နေ့က လမ်းမတော် မြို့နယ်၊ မင်းရဲကျော်စွာ လမ်းရှိ UMFCCI မှာ ကျင်းပ ပြုလုပ်တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။ အဆိုပါ Myanmar Business Plan Contest 2012 ပြိုင်ပွဲ မှာတော့ အကဲဖြတ် ဒိုင်များ အဖြစ် ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခများ၊ ကထိကများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ Private Business School များမှ ကထိကများနဲ့ ဂျပန်နိုင်ငံမှ CIESF မှ ပညာရှင်များက အမှတ်ပေး အကဲဖြတ် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြိုင်ပွဲ ကိုတော့ Level နှစ်ခုနဲ့ ခွဲခြား ပြုလုပ်မှာ ဖြစ်ပြီး မေလမှ စတင်ကာ သြဂုတ်လ အထိ ၃ လ ကျင်းပ ပြုလုပ်သွား မှာဖြစ်ပါတယ်။ အဆိုပါ Business Plan များကို ပထမ အကြိမ်ထက် ပိုမို ကောင်းမွန်အောင် ပြင်ဆင် နိုင်ရေးအတွက် ပြည်တွင်းမှ ဆရာများသာမက ဂျပန်နိုင်ငံမှ ဆရာများပါ ပါဝင်ပြီး သင်တန်းများ ကျင်းပ ပေးဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။ အဆိုပါ Business Plan ပြိုင်ပွဲ မှာတော့ Level A အတွက် ပထဆုရ သူများကို အမေရိကန် ဒေါ်လာ 1000 နဲ့ Level B မှာ ပထမဆု ရရှိသူများ ကိုတော့ အမေရိကန် ဒေါ်လာ 3000 ချီးမြှင့် သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆုရရှိတဲ့ အဖွဲ့အစည်း များအား ပြန်လည် ဖွဲ့စည်းကာ လူငယ် လူရွယ်များ နိုင်ငံတကာ အတွေ့အကြုံ ရရှိစေရန် အတွက်လည်း Mekong Business Plan Challange သို့ ပါဝင် ယှဉ်ပြိုင် နိုင်ရေးကိုလည်း စီစဉ် ပေးသွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger