ဖျက်သိမ်း လိုက်သည့် ပါရမီ ၂၃၂ ယာဉ်လိုင်း နေရာတွင် မ.ထ.သ ယာဉ်လိုင်း အချို့ အားဖြည့်ပေး ဆွဲမည်

Friday, May 18, 20120 မှတ်ချက်များ

မော်တင် မှတ်တိုင်နဲ့ ယုဇန ဥယျာဉ် မြို့တော်ကို ပြေးဆွဲ နေတဲ့ ပါရမီ ၂၃၂ ယာဉ်လိုင်းကို မေလ ၁၆ ရက်နေ့ ကစကာ ဖျက်သိမ်း လိုက်ပြီး အဆိုပါ လမ်းကြောင်း

နေရာမှာပဲ ပြေးဆွဲနေတဲ့ မ.ထ.သ မှ ယာဉ်လိုင်း များကို ပိုမို အားဖြည့်ပြီး ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ မ.ထ.သ မှ ယာဉ်လိုင်း တွေထဲက ၃၂ ယာဉ်လိုင်း၊ ၅၆ ယာဉ်လိုင်း၊ ကန္တရ၀တီ ယာဉ်လိုင်း၊ သန်မြန်သူ ယာဉ်လိုင်း အစရှိတဲ့ ယာဉ်လိုင်း တွေဟာ မော်တင် မှတ်တိုင်နဲ့ ယုဇန ဥယျာဉ် မြို့တော်ကို ပြေးဆွဲ ပေးနေတဲ့ ယာဉ်လိုင်း တွေဖြစ်ပြီး အဆိုပါ လမ်းကြောင်း မှာပဲ အချိန် အခေါက်ရေ စိပ်စိပ် ပြေးဆွဲဖို့နဲ့ အရင် ပြေးဆွဲ နေတဲ့ ပါရမီ ၂၃၂ ယာဉ်လိုင်း နေရာမှာ အားဖြည့် ပြေးဆွဲ ပေးဖို့ကို မ.ထ.သ မှ စီစဉ် ညွှန်ကြား လျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပါရမီ ၂၃၂ ယာဉ်အစီးရေဟာ ၂၃ စီးရှိတာ ဖြစ်ပြီး အဆိုပါ ယာဉ် ၂၃ စီးကို အခြား ယာဉ်လိုင်း များဖြစ်တဲ့ အဓိပတိ ၁၇၃ ယာဉ်လိုင်းမှာ ၅ စီး၊ ပါရမီ ၁၇၆ ယာဉ်လိုင်းမှာ ၄ စီး၊ ပါရမီ ၁၇၇ ယာဉ်လိုင်းမှာ ၄ စီး၊ ပါရမီ ၁၈၂ ယာဉ်လိုင်းမှာ ၅ စီးနဲ့ ပါရမီ ၁၈၄ ယာဉ်လိုင်းမှ ၅ စီး စုစုပေါင်း ၂၃ စီးစလုံးကို ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger