ရတနာပုံ Call Centre မှ နေ့စဉ် ငွေလဲလှယ် နှုန်းများကို အခမဲ့ ပို့ပေး

Friday, May 18, 20120 မှတ်ချက်များ

ငွေကြေး ဆိုင်ရာ လဲလှယ်နှုန်း တွေကို နှုန်းရှင် သတ်မှတ် ပေးမှုအပေါ် ကြိုဆိုတဲ့ အနေနဲ့ ရတနာပုံ Call Centre ကနေ နေ့စဉ် ငွေလဲလှယ်နှုန်း တွေကို

မိုဘိုင်းဖုန်း များထဲသို့ အခမဲ့ ပို့ပေးလျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို ပေးပို့လျက် ရှိရာမှာ Call Centre ရဲ့အသင်းဝင် တွေကိုသာ နေ့စဉ် ပေးပို့လျက် ရှိတာ ဖြစ်ပါတယ်။ အခုလို နေ့စဉ် ငွေလဲလှယ် နှုန်းတွေကို မိုဘိုင်းဖုန်း တွေထံ ပေးပို့ပေးတာကို ပြီးခဲ့တဲ့ ဧပြီလဆန်း ပိုင်းက စတင် ၀န်ဆောင်မှု ပေးခဲ့တာ ဖြစ်ပြီး လက်ရှိ မှာတော့ ငွေဈေးနှုန်း တွေကို နေ့စဉ် ပေးပို့ပေးရတဲ့ အသင်းဝင် တစ်သောင်း ကျော်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Call Centre မှာ အသင်းဝင် ချင်သူတွေ အနေနဲ့ ရတနာပုံ Call Centre ဖုန်းနံပါတ် ၁၈၇၆ကို ဆက်ကာ အသင်းဝင် လိုသူရဲ့ အမည်၊ နေရပ် လိပ်စာ၊ ဖုန်းနံပါတ် အစရှိတဲ့ Profile ကို ပေးသွင်းကာ အသင်းဝင် နိုင်ပါတယ်။ အသင်းဝင် ဖြစ်ပြီ ဆိုရင်တော့ မိမိတို့ရဲ့ ဖုန်းတွေကို နေ့စဉ် ပြောင်းလဲနေတဲ့ ငွေဈေးနှုန်း တွေကို ပေးပို့ ပေးမယ့် အပြင် အဆိုပါ အသင်းဝင် တွေထဲက လစဉ် ကံထူးရှင် တစ်ယောက်ကို ရွေးချယ် ပြီးတော့လည်း i Pad3 များကို လက်ဆောင် ပေးအပ် သွားမယ်လို့ သိရပါတယ်။

လက်ခံနိုင်လား။ လက်မခံနိုင်ဘူးလား။ အောက်ပါအတိုင်းတွေးကြည့်ပါ။
လက်ခံတယ်။
လုံးဝပဲ လက်မခံပါ။


Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger