ဗုံးခွဲတိုက်ခိုက်မှုနှစ်ခုကြောင့် ဆီးရီးယားနိုင်ငံ ဒမတ်စကတ်တွင် သေဆုံးသူ ၅၅ ဦးရှိပြီး ၄၀၀ နီးပါးဒဏ်ရာရရှိခဲ့

Saturday, May 19, 20120 မှတ်ချက်များ

(အေအက်ဖ်ပီ) သဲသဲထွေး ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၆၉ (၁၈ - ၂၄ ၊ ၅ ၊ ၂၀၁၂)

ဒမတ်စကတ်မြို့တွင် ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဒဏ်ရာ ရရှိသူများကို သယ်ဆောင်လာစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ
ဒမတ်စကတ် - ဆီးရီးယားနိုင်ငံတွင် ၁၄ လအတွင်း အသေအပျောက် များသည့် တိုက်ခိုက်မှုများ မြင့်တက်လာ ချိန်တွင် ဒမတ်စကတ်မြို့တွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှုနှစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ၅၅ ဦးသေဆုံးပြီး ၄၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယား အာဏာပိုင်များက မေလ ၁၀ ရက်နေ့ တွင် ပြောကြားခဲ့သည်။
ယင်းသို့ တိုက်ခိုက်မှုများသည် အကြမ်းဖက်သမားများ၏ လက်ချက် သာဖြစ်ကြောင်း ဆီးရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနအပါအ၀င် အစိုးရနှင့် အတိုက်အခံပါတီများက ပြစ်တင်ပြောဆို ခဲ့ကြပြီး ပြည်ပ အဖွဲ့အစည်းများနှင့်သတင်း ဌာနများ၏ အကူအညီဖြင့် တိုက်ခိုက်မှု များအပြီး နာရီပိုင်းအကြာတွင် ကုလ သမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်းထံသို့စာဖြင့် အကြောင်း ကြားထားကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှုများသည် မနက်ခင်း ရုံးဆင်းရုံးတက်ချိန်အတွင်း ဖြစ်ပွားခဲ့ပြီး ကမ္ဘာပျက်သကဲ့သို့ ဖြစ်ပွားခဲ့သည့် မြင်ကွင်းများ နောက်တွင် အပျက်အစီး များစွာရှိခဲ့သည်။
ယင်းအဖြစ်အပျက် ကြောင့် ဧပြီ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့ သော တိုက်ခိုက်မှုကို ရပ်တန့်ပေးရန် ပျက်ကွက်ခဲ့သည့် အပစ်အခတ်ရပ်စဲ ရေး အကူအညီပေးနေသော ကုလသမဂ္ဂကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
"မစ္စတာဘန်ကီမွန်းက မေလ ၁၀ ရက် နေ့က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကို အပြင်းအထန် ရှုတ်ချခဲ့ပြီး မဆင်မခြင် ပြုလုပ်သော ဗုံးခွဲမှုများနှင့် အခြားသော အကြမ်းဖက်မှုများရန်မှ ခပ်ကင်းကင်းနေကြရန် ပါတီအဖွဲ့အစည်းများ အားလုံးကို တိုက်တွန်းပြောကြား ခဲ့သည် " ဟု ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် မာတင်နယ်ဆာကီက ပြောသည်။
ပြဿနာ ပတ်လည်ဝိုင်းနေသော သမ္မတ ဘာရှာအယ်လ်အာဆတ် အစိုးရကို ထောက်ခံပေးနေသော ရုရှားနှင့် တရုတ် နှစ်နိုင်ငံ စလုံးက အကြမ်းဖက်မှုများကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြပြီး ကိုဖီအန်နန်၏ ငြိမ်းချမ်းရေးအစီအစဉ်တွင် ဆီးရီး ယားနိုင်ငံမှ ပါတီများအားလုံး ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းထားသည်။
ဂက်ဇက်၏ အနီးနားတွင် ဖြစ်ပွားခဲ့ သော ဗုံးနှစ်လုံးပေါက်ကွဲမှု၏ နောက် ဆက်တွဲပြဿနာမှာ ထိတ်လန့်စက်ဆုတ် ဖွယ်ကောင်းသော အဖြစ်အပျက်များ ဖြစ်ကြောင်း အစိုးရပိုင်ရုပ်မြင်သံကြားက ကြေညာခဲ့ပြီး အကြမ်းဖက်သမားများဟု အာဏာပိုင်များက ညွှန်းဆိုထား သည့် သမ္မတ အာဆတ်အစိုးရကို ဖြုတ်ချရန် ကြံစည် နေကြသည့်သူပုန်များကိုလည်း ပြစ်တင် ပြောဆိုထားသည်။
မည်းတူးနေသော လက်ကောက်ဝတ်မှ တွဲလောင်းကျနေသော ရွှေလက်ကောက်သည် ကားစတီယာတိုင်တွင် ချိတ်နေသည့် အမျိုးသမီး၏ ပုံကိုလည်း ရုပ်မြင်သံကြားတွင် ပြသခဲ့သည်။၊
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger