ရန်ကုန်မြို့တွင် IT & mobile Fair တွေပြုလုပ် လျက်ရှိကာ လာမယ့် မေလ ၂၅ ရက်နေ့မှာ ကျင်းပမယ့် IT & mobile Fair မှာ mobile တွေကို အဓိကထား
ပြသရောင်းချ သွားဖို့ ရှိတယ်လို့ သိရှိရပါတယ်။ အခုလို ပြုလုပ် ကျင်းပရာမှာတော့ မေလ ၂၅ နေ့မှ မေလ ၂၇ ရက် နေ့အထိ ၃ ရက် ပြသသွားမှာ ဖြစ်ပြီး UMFCCI မှာ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
mobile တွေကို အဓိကထား ပြသမှာ ဖြစ်တဲ့ အတွက် ဖုန်း sim card တွေပါ ရောင်းချ သွားဖို့ ရှိတယ် လို့လည်း သိရပါတယ်။ ဒါ့အပြင် လာရောက် ကြည့်ရှု လေ့လာသူတွေ အတွက် ကံစမ်းမဲ ဖောက်ပေးမဲ အစီအစဉ် တွေကို ထည့်သွင်း ထားတယ် လို့လည်း သိရှိရပါတယ်။ ပြပွဲသို့ လာရောက် သူတွေ အင်တာနက် အသုံးပြု နိုင်အောင်လည်း wifi ဖွင့်ထားပေးမှာ ဖြစ်ပြီး RedLink နဲ့ UMFCCI တို့မှလည်း ပူးပေါင်း ပါဝင်ကူညီ ထားတယ်လို့ သိရှိ ရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။