ဗြိတိန် နိုင်ငံရှိ အလုပ် လက်မဲ့နှုန်းမှာ ၁၂လ အတွင်း မြင့်တက်နေပြီး လွန်ခဲ့သည့် ၁၆ နှစ် အတွင်း အမြင့်ဆုံးလည်း ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်သည့်
အစီရင်ခံစာတွင် ဖော်ပြသည်။ အမျိုးသား စာရင်းအင်း အဖွဲ့ Office for National Statistics (ONS) မှ ပြောရာ၌ တစ်နှစ်ကျော် ကြာအောင် အလုပ်လက်မဲ့ ဖြစ်နေရသူ ဦးရေမှာ ၂၇၉၉၉ မှ ၈၈၇၀၀၀ သို့ တိုးလာခဲ့ကြောင်းနှင့် ယင်းပမာဏမှာ ၁၉၉၆ ခုနှစ် နောက်ပိုင်းတွင် အမြင့်ဆုံးလည်း ဖြစ်သည်။
လွန်ခဲ့သည့် မတ်လအထိ သုံးလတာ ကာလအတွင်း သုံးပုံ တစ်ပုံသော လူများမှာ တစ်နှစ်ကျော်ကြာ အလုပ် လက်မဲ့ ဖြစ်နေရခြင်း ဖြစ်ကြောင်း သိရကာ နှစ်နှစ်နှင့်အထက် အလုပ်လက်မဲ့ ဖြစ်နေရသူမှာ ၅၀၀၀ မှ ၄၂၈၀၀၀ သို့ တိုးမြင့် လာခဲ့ရသည်။ ယခုလို စိတ်ပျက်စရာ ကိန်းဂဏန်းများ ထွက်ပေါ်လာသည့် အချိန် မတိုင်မီက အစိုးရမှ ပြောရာတွင် အလုပ် လက်မဲ့နှုန်း အနည်းငယ်သာ ကျဆင်းမှု ရှိကြောင်း ကြေညာအပြီး အချိန်ပိုင်း အလုပ် လုပ်သူများ ပိုမို များပြားလာခြင်းကြောင့် ဖြစ်သည်ဟု ပြောခဲ့ အပြီးတွင် အဆိုပါ စာရင်း ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
လွန်ခဲ့သည့် မတ်လတွင် ပြီးဆုံးခဲ့သည့် သုံးလပတ် ကာလအထိ အလုပ် လုပ်မဲ့သူ ၂.၆သန်း ရှိနေကာ လွန်ခဲ့သည့် နွေရာသီ နောက်ပိုင်းတွင် အများဆုံးလည်း ဖြစ်ကြောင်း ယခင်လက အလုပ်လက်မဲ့ ထောက်ပံ့မှု နှုန်းမှာလည်း ကျဆင်းခဲ့ရကြောင်း အလုပ် ရှာသူများမှ ပြောကြား သွားခဲ့သည်။
source : presstv.ir

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။