တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကစတင်ပြီး အီလက်ထရောနစ် နည်းပညာသုံး ပတ်စ်ပို့ အမျိုးအစားသစ်ကို စတင်ထုတ်ဝေနေပြီ ဖြစ်တယ်လို့
သိရပါတယ်။ အဲ့ဒီလို အီလက်ထရောနစ် စနစ်သုံး ပတ်စ်ပို့ကတ်ပြားတွေမှာ ပတ်စ်ပို့ကိုင်ဆိုင်သူရဲ့ ကိုယ်ရေး အချက်အလက်တွေကို မှတ်တမ်းတင်ထားတဲ့ ချစ်ပ်ြ ပားလေးတစ်ခုပါရှိပြီး အတုပြုလုပ်လို့မရအောင် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ဖန်တီးပြုလုပ်ထားကြောင်း၊ ပတ်စ်ပို့ ကိုင်ဆောင်သူတွေ အနေနဲ့ ပိုမိုအဆ င်ပြေချောမွေ့မှာ ဖြစ်ကြောင်း၊ တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
အခုထုတ်ပေးနေတဲ့ ပတ်စ်ပို့အသစ်တွေဟာ ယခင်အသုံးပြုနေတဲ့ ပတ်စ်ပို့တွေနဲ့ အသွင်အားဖြင့် တူညီပေမယ့် ကိုင်ဆောင်သူရဲ့ အမည်၊ မွေးနေ့၊ မွေးရက်၊ ဓါတ်ပုံနဲ့ လက်ဗွေတို့ကို မှတ်တမ်းတင်ထားတဲ့ အီလက်ထရောနစ် ချစ်ပ်ပြားတစ်ခုသာ အပိုဆောင်း ပါဝင်တာ ဖြစ်ပါတယ်။ အခုလက်ရှိ ပတ်စ်ပို့ အဟောင်း ကိုင်ဆောင်သူတွေ ဟာလည်း သက်တမ်းမကုန်ခင်အထိ အသစ်လဲလှယ်စရာမလိုဘဲ ကိုင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အခုထုတ်ပေးနေတဲ့ အီလက်ထရောနစ် နည်းစနစ်သုံး ပတ်စ်ပို့ အသစ်ဟာ ပတ်စ်ပို့ ကိုင်ဆောင်သူကို အလွယ်တကူ အတည်ပြုပေးနိုင်တာကြောင့် နယ်စပ်လူဝင်မှု ကြီးကြပ်ရေးအတွက် အထောက်အကူ ဖြစ်စေဖို့ မျှော်လင့်ထားတ ယ်လို့ သိရပါတယ်။
Reference : Xinhua.com

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။