အဝေးပြေး ကုန်စည် ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ မေလ နောက်ဆုံး အပတ်မှာ အဝေးပြေး
ကုန်စည် ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များ အသင်းကို အဝေးပြေး ကုန်စည် ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းများ အသင်းချုပ် အဖြစ် ပြောင်းလည်း ဖွဲ့စည်းတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို အဝေးပြေး ကုန်စည် ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းများ အသင်းချုပ် ဖွဲ့စည်းဖို့ စီစဉ်ရတာ ကတော့ အဝေးပြေး ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းကို ပြည်နယ်နှင့် တိုင်းတွေမှာ ပြန်လုပ်ဆောင် နိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကုန်ဈေးနှုန်း တည်ငြိမ်ဖို့၊ ကားတန်ဆာခ ဈေးနှုန်းများ သင့်တင့် မျှတစေဖို့နဲ့ အဝေပြေး ကားတွေမှာ တန်ပို တင်ဆောင်မှု တွေကြောင့် လမ်းများ ပျက်စီးမှုကို ကာကွယ်ပြီး မြန်မာနိုင်ငံ အတွင်းရှိ လမ်းများ ရေရှည် တည်တံ့အောင် ထိန်းသိမ်းမှုမှာ ပါဝင်နိုင်ဖို့ အတွက် အခုလို အသင်းချုပ် ဖွဲ့စည်းဖို့ စီစဉ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို မေလ နောက်ဆုံး အပတ်ထဲမှာ အဝေးပြေး ကုန်စည် ပို့ဆောင်ရေး ၀န်ဆောင်မှု အသင်းချုပ်ကြီး အဖြစ် စတင်ဖွဲ့စည်းမှာ ဖြစ်သလို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်း ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့မှာလည်း ပထမအဆင့် အနေနဲ့ ညီနောင် အသင်းများကို စတင် ဖွဲ့စည်း သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။