ဒီလို ပခုက္ကူ ဦးအုံးဖေ စာပေဆုမှာ ပေးအပ်ခဲ့တဲ့ စာပေဆု များမှာ ကဗျာ ပေါင်းချုပ်ဆု၊ ၀တ္ထုရှည်ဆု၊ ၀တ္ထုတို ပေါင်းချုပ်ဆု၊ ကျမ်းစာပေဆုနဲ့ သုတေသန စာပေဆု တို့ကို ချီးမြှင့် ပေးအပ် ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တစ်သက်တာ စာပေဆု ကိုလည်း ချီးမြှင့်ခဲ့ပြီး စာရေးဆရာကြီး ဦးမောင်မောင်ခင် တက္ကသိုလ် မောင်မောင်ခင် ကတစ်သက်တာ စာပေဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါတင် မကသေးဘဲ ပခုက္ကူ ဦးအုံးဖေ စာကြည့်တိုက် စာအုပ်ဆုကို ခင်မောင်မြင့် စစ်ကိုင်းက ဒီမိုကရေစီ နိုင်ငံနှင့် စတုတ္ထ မဏ္ဍိုင် စာအုပ်နဲ့ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီလိုဆုများ ပေးအပ် ချီးမြှင့် ရာမှာတော့ ပခုက္ကူ စာပေဆုများကို မြေလတ်မင်းလွင်၊ မောင်လွန်းမြိုင် (ပင်လည်ဘူး)၊ မောင်နီမှိုင်း (ကျောက်တန်း)၊ ပုသိမ် အောင်သန်းဦး၊ ညွှန့်လူ၊ ခင်လပြည့်ဝန်း၊ နန္ဒခင် (သက္ကလမြေ)၊ ကျွန်းစဉ်မြေစောခက်၊ မောင်မောင်ချစ်ဦး (မုံရွာ)၊ ဒေါက်တာ ယဉ်ထွန်းနဲ့ မောင်ကျော်ကျော် (ကွင်းကောက်) အစရှိတဲ့ စာရေးဆရာ၊ ဆရာမများက ဆုများ အသီးသီး ရရှိခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဆုပေးပွဲမှာ ဆုရရှိ သူများကို ပထမဆု ကျပ် တစ်သိန်း ငါးသောင်း ၊ ဒုတိယဆု ကျပ်တစ်သိန်း နဲ့ တတိယဆု အတွက် ကျပ် ခုနစ်သောင်း ငါးထောင်စီ ချီးမြှင့်ခဲ့ပြီး တသက်တာ စာပေဆု အတွက် ကျပ် သုံးသိန်း ချီးမြှင့် ခဲ့တယ်လို့ သိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။