စင်္ကာပူ နိုင်ငံမှ ဒုတိယ ဇိမ်ခံသင်္ဘော ဆိပ်ကမ်းကြီး ဖြစ်သည့် Marina Bay Cruise Centre မှာ အပြည်အဝ လည်ပတ်နိုင်ပါက ခရီးသွား လုပ်ငန်းအတွင်း
အလုပ်အကိုင် ၃ ထောင်ခန့်ကို ဖန်တီးပေးနိုင်လိမ့်မည် ဖြစ်ကြောင်း မျှော်မှန်းထားသည်။ အဆိုပါ သင်္ဘောဆိပ်ကို SATS-Creuers Cruise Services မှ လုပ်ကိုင် လည်ပတ်နေခြင်း ဖြစ်ပြီး HarbourFront ရှိ Singapore Cruise Centre အပြီးတွင် ဒုတိယမြောက် ဆိပ်ကမ်း တစ်ခုလည်း ဖြစ်သည်။
စင်္ကာပူ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဒုဝန်ကြီး ဖြစ်သူ S Iswaran မှ ပြောရာ၌ ဇိမ်ခံသင်္ဘော ခရီးသည်များမှာ သုံးနှစ်မှ ငါးနှစ်အတွင်း ၁.၅ သန်းသို့ ရောက်ရန် မျှော်လင့်ထားကြောင်း သိရသည်။ စုစုပေါင်း စင်္ကာပူ ဒေါ်လာ သန်း ၅၀၀ ကုန်ကျနိုင်သည့် အဆိုပါ အဆာက်အအုံမှာ ကုဗမီတာ ၂၈၀၀၀ တွင် တည်ဆောက်ထားခြင်း ဖြစ်ကာ တစ်ချိန်လျင် ခရီးသည် ၆၈၀၀ ခန့်အထိ တာဝန်ယူ နိုင်ကြောင်းလည်း သိရသည်။
source : channelnewsasia.com

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။