ရန်ကုန် ရွှေဈေးကွက် အတွင်း ဈေးနှုန်းတွေ အခု ရက်ပိုင်းမှာ အနည်းငယ် ပြန်လည် မြင့်တက် လာပေမယ့် နောက်ပိုင်း မှာတော့ ဈေးနှုန်း အကျဘက်ကို
ပြန်လည် ဦးတည် နေတယ်လို့ ဆုမွန်အေး ရွှေဆိုင်က သိရပါတယ်။ ပြီးခဲ့တဲ့ ၃ လ ၀န်းကျင်ကာလ အတွင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ခုနှစ်သိန်း အောက်ကို ပြန်လည် ရောက်ရှိခဲ့တဲ့ ရန်ကုန် ရွှေဈေးကွက်မှာ အခုရက်ပိုင်း မှာတော့ ကျပ် ခုနှစ်သိန်း ၀န်းကျင်ကို ပြန်လည် မြင့်တက် လာခဲ့ပါတယ်။
ဒီလို မြင့်တက် ခဲ့ရတာ ကလည်း တစ်အောင်စကို အမေရိကန် ဒေါ်လာ ၁၅၂၀ ကျော် သာရှိတဲ့ ကမ္ဘာ့ ရွှေဈေးဟာ တစ်အောင်စကို အမေရိကန် ဒေါ်လာ ၁၅၉၀ ကျော်အထိ မြင့်တက်မှု နှုန်းများပြား လာတာကြောင့် ဖြစ်ပါတယ်။ ဒါ့ပေမယ့်လည်း အခုအခါ ကမ္ဘာ့ ရွှေဈေး ပြန်လည် ကျဆင်း လာတာကြောင့် ရန်ကုန် ရွှေဈေးကွက် မှာလည်း ဈေးနှုန်းတွေ အကျဘက်ကို ဦးတည် လာနိုင် တယ်လို့ ရွှေလုပ်ငန်းရှင် တွေက သုံးသပ်ထား ပါတယ်။ အခုလို ရွှေဈေးနှုန်းတွေ ကျဆင်းမှု ရှိနေတာကြောင့် အခု ရက်ပိုင်းမှာ ရွှေအရောင်းအ၀ယ် ဈေးကွက် ကောင်းမွန် လျက်ရှိတယ်လို့ ဆုမွန်အေး ရွှေဆိုင်ရဲ့ ပြောကြားချက် အရ သိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။