ကမ္ဘာလုံးဆိုင်ရာ လူငယ်အလုပ်လက်မဲ့ နှုန်းမှာ စိုးရိမ်ဖွယ်အခြေအနေ ဖြစ်နေ

Wednesday, May 23, 20120 မှတ်ချက်များ

ဥရောပ ကြွေးမြီပြဿနာတွေရဲ့ အကျိုးဆက်ကြောင့် ယခုနှစ်အတွင်း လူငယ်အလုပ် လက်မဲ့နှုန်းထား မြင့်တက်နိုင်တယ်လို့

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ အခုနှစ်အတွင်း အသက် ၁၅နှစ်မှ ၂၄နှစ်အရွယ် လူငယ်အလုပ် လက်မဲ့နှုန်းဟာ ၁၂.၇ရာခိုင်နှုန်းထိ မြင့်တက်လာပြီး အသက် ၂၅နှစ်အထက် အလုပ်လက်မဲ့ နှုန်းထက် ၈မှတ် မြင့်တက်လျက်ရှိ ပါတယ်။

စစ်တမ်းကောက်ယူမှုတွေအရ အလုပ်လက်မဲ့ လူရွယ်အရေအတွက်ဟာ အခုနှစ်အတွင်း ၇၅.၆သန်း နီးပါးထိရှိပြီး ပြီးခဲ့တဲ့နှစ်ကထက် လူဦးရေ တစ်သိန်းနီးပါးထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ ဥရောပသမဂ်္ဂ နိုင်ငံတွေ အပါအ၀င် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ လူရွယ် အလုပ်လက်မဲ့နှုန်းဟာ ၁၈ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိပါတယ်။ ဒီလိုကမ္ဘာတစ်လွှားရှိ အလုပ်လက်မဲ့ လူငယ်တွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ကတော့ ၂၀၁၆ခုနှစ်တိုင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ မဟုတ်သေးကြောင်း ပညာရှင်တွေက ခန့်မှန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Reference : NHK.com
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger