အင်အား၅.၈ အဆင့်ရှိ ငလျင် တစ်ခုမှာ ဘူလ်ဂေးရီးယား နိုင်ငံ မြို့တော် Sofia ၏ အနောက် တောင်ဘက်ရှိ Pernik မြို့တွင် စတင် ဖြစ်ပေါ်ခဲ့ကာ
အဆောက်အအုံများ လှုပ်ခါခဲ့ရပြီး လူများမှာ နေအိမ်များမှ လမ်းမများပေါ်သို့ ထွက်ပြေးခဲ့ကြရကြောင်း သိရသည်။ အဆိုပါ ငလျင်မှာ ဒေသ စံတော်ချိန် နံနက် ၃နာရီတွင် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကာ နောက်ထပ် ၁၅ မိနစ်တွင် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်ခဲ့ကြောင်းလည်း သိရသည်။
ယခု ဖြစ်ရပ်ကြောင့် ထိခိုက် သေဆုံးမှု မရှိခဲ့သော်လည်း နေအိမ်များ လှုပ်ခါခဲ့ရကာ တံခါးများ ကွဲအက်ခဲ့ပြီး မီးခိုးခေါင်းတိုင်များ ပြိုလဲခဲ့ရကြောင်း လည်း AFP သတင်းတွင် ဖော်ပြခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေး လုပ်သားများမှာ ငလျင် ဖြစ်ပွားရာသို့သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြကြောင်းလည်း သိရသည်။
ငလျင် ဗဟိုချက်မှာ မြေအောက် ၅.၈ မိုင်အနက်တွင် ဖြစ်ပြီး အချို့သော လူ ၃၀ ခန့်မှာ ဆေးကုသမှု ခံယူခဲ့ရကြောင်း အဘယ်ကြောင့်ဆိုသော် သွေးဖိအား မြင့်တက်ခဲ့ရခြင်းကြောင့် ဖြစ်ကြောင်း မြို့တော်ဝန် ဖြစ်သူ Rositsa Yanakieva မှ ပြောခဲ့သည်။ ဘူလ်ဂေးရီးယား ဒေသမှာ ငလျင်များ မကြာခဏ လှုပ်တတ်သည့် Balkan ဒေသတွင် ရှိသော နိုင်ငံ တစ်ခုလည်း ဖြစ်သည်။
source : presstv.ir

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။