ယခုနှစ် အတွက် အာဖရိကန် အမေရိကန် သွေးနှောသူများ အဖွဲ့မှ ပေးအပ် ချီးမြှင့်သည့် ဆုပေးပွဲ အတွက် ပမာဏ ဆုရှင် စာရင်းတွင် အဆိုရှင်
Kane West မှာ ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဆု ၇ ခု အတွက် နေရာ ယူထားကြောင်း သိရသည်။ ၎င်း၏ 'Watch the Throne' သီချင်းမှာ Jay-Z နှင့် တွဲဖက် သီဆိုထားခြင်း ဖြစ်ပြီး ဆု ၆ မျိုးတွင် ပါဝင်နေကြောင်း သိရကာ '99 Problems' ဂီတသမားများမှာ ဆု ၅ မျိုး အတွက် ဆန်ခါတင် စာရင်း ဝင်နေကြောင်း သိရသည်။
ယခုလို ဆုစာရင်း အတွက် Jay-Z ၏ ဇနီးသည်ဖြစ်သူ Beyoncé မှာ ဒုတိယ တစ်ကြိုဆု သတ်မှတ်ခံရမှု အများဆုံး အဖြစ် စံချိန် တင်ထားပြီး ယခုနှစ် အတွက် ဆု ခြောက်ခု အထိ ဆွတ်ခူးနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။ လာမည့် ဇူလိုင်လ ၁ ရက် တနင်္ဂနွေ နေ့တွင် ကျင်းပမည့် အဆိုပါပွဲကို သရုပ်ဆောင် Samuel L Jackson မှ တင်ဆက်သူ အဖြစ် ဆောင်ရွက်မည် ဖြစ်ပြီး Chris Brown နှင့် Nicki Minaj တို့မှာ ယင်းနေ့တွင် ဖျော်ဖြေကြမည် ဖြစ်ကြောင်းလည်း သိရသည်။
source : digitalspy.co.uk

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။