အဓမ္မခိုင်းစေမှု လုံးဝပျောက်ရန် ILO နှင့် မြန်မာအစိုးရ သဘောတူပြီ

Friday, May 11, 20120 မှတ်ချက်များ

http://www.yoyarlay.com/images/yyl/2012/5/10/pm_818_4.jpg

အဓမ္မခိုင်းစေမှု လုံးဝပျောက်ရန် ILO နှင့် မြန်မာအစိုးရ သဘောတူပြီအဓမ္မ ခိုင်းစေမှု လုံးဝပပျောက်ရန် ILO နှင့် မြန်မာအစိုးရတို့ သဘော တူကြပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံကို ခေတ္တ ရောက်ရှိနေသော ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vines နှင့် တွေ့ဆုံရာ၌ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်း အဓမ္မခိုင်းစေမှုများ ပပျောက်စေရန် တပ်မတော် ကို ညွှန်ကြားမည်ဟု ကတိပြု ပြောဆိုလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓမ္မခိုင်းစေမှုများကို လာမည့် ၂၀၁၅ ခုနှစ်တွင် လုံးဝပပျောက်စေရန် ဆောင်ရွက်ရေးကို သဘောတူခဲ့ကြကြောင်း သိရသည်။ အထက်ပါအတိုင်း ၂၀၁၅ ခုနှစ် အလွန်ကာလတွင် အဓမ္မခိုင်းစေမှုများ ဆက်လက်ရှိနေဦးမည် ဆိုပါက ILO ၏ လုပ်ထုံးလုပ်နည်း ဥပဒေဘောင်အတိုင်း အရေးယူမည်ဟု သိရသည်။ ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vines သည် ၄-၅-၂၀၁၂ ရက်နှင့် ၅-၅-၂ဝ၁၂ ရက် နှစ်ရက်အတွင်း အလုပ်သမားအရေး ဆောင်ရွက်နေသော အဖွဲ့များ ပုဂ္ဂိုလ်များကို ရန်ကုန် Traders ဟိုတယ်တွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။

Source by :http://www.yoyarlay.com
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger