ဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ ဒုတိယ အကြိမ် အကူအညီပေးမယ့်ပွဲ

Friday, May 11, 20120 မှတ်ချက်များ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSwITQrjl93qSCwzCDt6gG48lhI36LEf63f2SCQfvZocNu1ZFiiVZOdnYSD-XH6J5fE1smYlaoNOsqAmcPgxuqltXFAJr-Od3mlSxeOdSgzSkggNymIxIS4okrs4ykGGCytIKU58y9GnpY/s400/UWin+Tin+by+tw.jpg

အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေ၊ အကူ အညီ လိုအပ်နေကြတဲ့ ဘ၀တူ စာနယ်ဇင်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို တတ်နိုင်သမျှ ကူညီထောက်ပံ့နိုင်ဖို့ ဖွဲ့စည်းထူ ထောင်ထားတဲ့ သတင်းစာဆရာကြီး နိုင်ငံရေး အကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းကို ထူထောင် ထားခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေဟာ သူတို့ရဲ့ ဘ၀တွေကို အကျဉ်းထောင်တွေထဲမှာ ကုန် လွန်စေပြီး အနှိပ်စက် အညှင်းပန်းခံကာ ဘ၀ကို ပေးဆပ်ခဲ့ရသူများဖြစ်လို့ ဆရာကြီး ဦးဝင်းတင်က မိတ်ဆွေများရဲ့ အလှူ ထည့်ဝင်မှုနဲ့ တထောင့်တနေရာက နိုင်ဝန်ကို ထမ်းရင်း သူတို့နဲ့ သူတို့မိသားစု အခက်အခဲတွေ တစုံတရာ သက်သာစေဖို့ အခုလိုကူညီရေး ဖောင်ဒေးရှင်းကိုဖွဲ့ခဲ့ပါတယ်လို့ သိရပါတယ်။

အလားတူ စာနယ်ဇင်းသများတွေထဲမှာလည်း ဘ၀တလျှောက်လုံး စာပေထဲ နှစ်မြှုပ်ပြီး တပါးသူတွေအတွက် ကိုယ့်ဘ၀ တွေကို ပေးဆပ်ခဲ့သူတွေအတွက်လည်း သူတို့နဲ့ သူတို့ မိသားစုဝင်တွေကို ဒီဖောင်ဒေးရှင်းက ကူညီပေးနေမှာဖြစ်ပါတယ် တဲ့။

အခု ဦးဝင်းတင်ဖောင်ဒေးရှင်းကနေ ဒုတိယ အကြိမ် အကူအညီ ထောက်ပံ့ငွေ ပေးအပ်မယ့် အခမ်းအနားကို ရန်ကုန်မြို့ ဂွှေဂုံတိုင်က တော်ဝင်နှင်းဆီ ရှိ ခန်းမမှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger