အီရန်၏ ရေနံစိမ်းများကို ပိတ်ပင်ရန် ဥရောပသမ္မဂ္ဂ သဘောတူ

Friday, May 11, 20120 မှတ်ချက်များ

ဘရပ်ဆဲလ် ။ ။ ဥရောနိုင်ငံများရှိ အစိုးရများမှာ အီရန်နိုင်ငံမှ တင်ပို့သည့် ရေနံစိမ်းများကို ပိတ်ပင်ရန် သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း ဥရောပသမ္မဂ္ဂ သံမှုးများမှ ဗုဒ္ဓဟူးနေ့က ထုတ်ဖော် ပြောကြားလိုက်ပြီဖြစ်သည်။

ယခုလိုလုပ်ရပ်ကြောင့် မကြာမီကျင်းပတော့မည် အီရန်နိုင်ငံ၏ ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာခြင်း အတွက် အခက်အခဲ များ ဖြစ်စေမည်ဖြစ်ကြောင်းလည်း သိရသည်။

ယခုလို ဥရောပသမ္မဂ္ဂအဖွဲ့၏ ပတ်ဆို့ အရေးယူမှုတွင် အမေရိကန်နိုင်ငံ၏ တင်းကြပ်သည့် ဘဏ္ဍာရေး ပိတ်ဆို့မှု သဘောတူညီချက်များ လည်း ပါဝင်ကြောင်း သိရကာ အီရန် နိုင်ငံ၏ နှုကလိယအရေးနှင့် ပတ်သက်ပြီး အနောက် ဘက်နိုင်ငံများ အကြားတွင် စိုးရိမ်စိတ်များ ပွားများလာနေရခြင်းကြောင့် ဖြစ်ကြောင်းလည်း သိရသည်။

အီရန် နိုင်ငံမှာ ယင်းသို့သော နှုကလိယ အစီအစဉ်များနှင့် ပတ်သက်ပြီး စစ်ရေးအရ မဟုတ်ကြောင်း အမြဲငြင်းပါယ်ခဲ့သော်လည်း အေ နာက်နိုင်ငံများမှမူ ကုလသမ္မဂ္ဂ မှနိုဝင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာ အရ အီရန်တို့အနေဖြင့် အက်တမ်ဗုံးကို တီထွင်ရန်ပြု လုပ်နေခြင်း ဖြစ်ကြောင်း သံသယများ ဖြစ်ပေါ်ခဲ့ကာ ယခုလို အနေအထား သို့ ရောက်လာခြင်းလည်း ဖြစ်သည်။အီရန် နှင့် အနောက်နိုင်ငံ များ၏ နှုကလိယအရေး ဆွေးနွေးပွဲများမှာ လွန်ခဲ့သည့် တစ်နှစ်ခန့်ကပင် အဆက်အသွယ် ပြတ်တောက်နေ ခဲ့ရကြောင်း လည်း သိရသည်။ ယခုလို ပိတ်ဆို့မှု နှင့်အတူ အီရန်နိုင်ငံအနေဖြင့် ဘဏ္ဍာရေးတွင် အကြပ်အတည်းများ ဖြစ်လာတော့မည်ဖြစ်ကာ ဥရောပရှိ ဂရိ ၊ စပိန်နှင့် ဂျာမနီတို့မှာ အီရန် မှရေနံများကို အဓိကဝယ်ယူနေသည့် နိုင်ငံများလည်း ဖြစ်သည်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger