ကိုယ်ဝန် ၃ လရှိပြီဖြစ်တဲ့ မိုးပြည့်ပြည့်မောင် မိခင်လောင်း ခံစားချက်

Friday, May 11, 20120 မှတ်ချက်များ

http://www.yoyarlay.com/images/yyl/2012/5/4/p_4_2.jpg

ကိုယ်ဝန် ၃ လရှိပြီဖြစ်တဲ့ မိုးပြည့်ပြည့်မောင် မိခင်လောင်း ခံစားချက်ဖြိုးငွေစိုး၊ ဒါရိုက်တာ မောင်သီတို့နဲ့ မိုးပြည့်ပြည့်မောင်က ‘ဝက်သက်’ ဆိုတဲ့ ဇာတ်ကား ရိုက်ကူးနေပြီး မေလ ဆန်းလောက်မှာတော့ ဇာတ်ကား ရိုက်ကူး မှုတွေကို ခဏနားတော့မယ်လို့ မိုးပြည့်ပြည့်မောင်က ပြောပါတယ်။

ရိုက်ကူးမှုတွေ နားရခြင်း အကြောင်းကတော့ မိုးပြည့်ပြည့်မောင်နဲ့ စိုင်းမိုးစံတို့က မင်္ဂလာသက်တမ်း ၂ နှစ်လောက်မှာ ရင်သွေးလေးကို ကိုယ်ဝန်စ ရနေပြီ ဖြစ်တဲ့အတွက်ကြောင့်လို့ သိရပါတယ်။ ကိုယ်ဝန်က ၃ လရှိပြီဖြစ်ပြီး ပါရမီအထူးကုဆေးရုံက ပါရဂူဒေါက်တာ ဒေါ်မြသီတာနဲ့ ပြသနေပြီး ၁၀ လပိုင်းလောက် ဂျူးဒိတ်ပေးထားတယ် လို့လည်း သိရပါတယ်။ ကလေးကို ဘာလေး လိုချင်တယ်ဆိုတာထက် ရတာယူရမှာပေါ့လို့ ပြောတဲ့ မိုးပြည့်ပြည့်မောင်ရဲ့ ခံစားချက်ကလည်း

"ရုတ်တရက်ကြီး ရှိတယ်ဆိုတာ သိလိုက်ရတော့ ငိုရမလို၊ ရယ်ရမလို ဖြစ်တယ်။ ဘာဖြစ်သွားမှန်းမသိဘူး။ မခံစားတတ်တော့ ဝမ်းသာလို့ ငိုတောင် ငိုမိတယ်။ ကိုယ်ဝန်စရှိတော့လည်း မူးတာတွေ ဘာတွေလည်း မခံစားရဘူး။ တအားစားကောင်းတယ်။ အလုပ်တွေလည်း လက်ခံထားတာတွေလည်း ရှိတော့ ဖြိုးငွေစိုးနဲ့ ပြီးရင် နောက်တစ်ကား ထပ်ရိုက်မယ်။ ပြီးရင်တော့ ခဏနားတော့မယ်။ ဇာတ်ကားတွေကိုတော့ ကလေးမွေးပြီးမှပဲ ကလေးကျန်းမာရေးကိုလည်း ကြည့်ပြီး ပြန်ရိုက်ဖြစ်မယ်။ အလုပ်ဖျက်လို့ရတာတွေလည်း ဖျက်လိုက်ရတာတွေ ရှိတယ်” လို့ ပြောပြပါတယ်။

Source by :http://www.yoyarlay.com/
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger